ထိုင်းဘုန်းကြီး ၆ ပါးကို မူးယစ်ဆေး အမြောက်အမြားဖြင့် ဖမ်းမိ

November 14, 2017

ထိုင်းဘုန်းကြီး ၆ ပါးကို မူးယစ်ဆေး အမြောက်အမြားဖြင့် ဖမ်းမိ

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးတွေ အမြောက်အမြားနဲ့အတူ လက်ပူးလက်ကြပ် ဖမ်းဆီးခံခဲ့ရတဲ့ ဘုန်းကြီး ၆ ပါးကို ရဲတွေက လူဝတ်လဲစေခဲ့တယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီဘုန်းကြီးတွေဟာ အသက် ၂၂ နှစ်ကနေ ၃၅ နှစ်ကြား အရွယ်တွေ ဖြစ်ကြပြီး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုတွေနဲ့ ဖန်ငခရိုင်၊ ခါပွန်းဒေသတွင်းရှိ ဘုန်းကြီးကျောင်းမှာ ဖမ်းမိခဲ့တာပါ။ သူတို့ဆီမှာ မူးယစ်ဆေးဝါးတွေ အမြောက်အမြား တွေ့ရှိခဲ့ရတာဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ တခြားပစ္စည်းတွေကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းနိုင်ခဲ့တာပါ။ ဖမ်းဆီးရမိတာတွေထဲမှာ ယာဘစိတ်ကြွမူးယစ်ဆေးပြား ၈၉ ပြား၊ အိုက်စ်နဲ့ ခရာသွန်မူးယစ်ဆေးရွက် ၉၀ ဂရမ်၊ ဆေးခြောက် ၄ ဒသမ ၂ ဂရမ် ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ဒီဘုန်းကြီးတွေ အားလုံးဟာ ပါ့ခ်လောင်ဒေသတွင်းက ဘုန်းကြီးတွေ အများစုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up