ထိုင်းတရုတ်ဘုံကျောင်း

September 3, 2015

မဲဆောက် ထိုင်းတရုတ်ဘုံကျောင်း အလှူ (သတင်းဓာတ်ပုံ)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁ သိန်းကျော်ကို ထိုင်းတရုတ်ဘုံကျောင်းတခုက စက်တင်ဘာ ၃ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဆန်၊ ဆီ၊ ဆားတွေနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ အခမဲ့ ပေးဝေလှူဒါန်းပါတယ်။ အဲဒီလှူဒါန်းပွဲကို တနှစ်တကြိမ် ကျင်းပပြုလုပ်တာဖြစ်ပြီး မြဝတီနဲ့ မဲဆောက်မြို့နယ် တခွင်က ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁ သိန်းကျော်လောက်အထိ လာရောက် ယူကြပါတယ်။ "ကျနော်တို့ တရုတ်ဘုံကျောင်းက နှစ်စဉ်နှစ်တိုင်း ရွှေ့ပြောင်းမြန်မာများကို စားနပ်ရိက္ခာ ပေးဝေပါတယ်။ ဒီနှစ်ကတော့ ခါတိုင်းနှစ်ထက်စာရင် များလာတယ်။ အဲဒီအတွက် လူတိုင်းစေ့ ရအောင်လည်း ဒီ ထိုင်း တရုတ်ဘုံကျောင်းက ပိုပိုလိုလိုနဲ့ စီစဉ်ပေးထားပါတယ်" လို့ ထိုင်း တရုတ်ဘုံကျောင်း တာဝန်ခံ ကိုကျော်နေမျိုးက ပြောပါတယ်။ မနက် ၈ နာရီကစပြီး နေ့လယ် ၁၂ နာရီထိ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ထိုင်း တရုတ်ဘုံကျောင်းမှာ စားနပ်ရိက္ခာ ရရှိဖို့အတွက် လာရောက်ခဲ့ကြပါတယ်။ ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတချို့ကတော့ လာရောက်ယူကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို တယောက်ချင်း တန်းစီပြီး ဗုံးရှာဖွေရေး ပြုလုပ်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းခန့်လင်း  
6 years Ago
Up