ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံခဲ့ပြီး လူ ၂၃ ဦး သေဆုံးသွားတယ်လို့ ထိုင်းသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျှော့ချရေးဌာနက သြဂုတ် ၂ ရက်မှာ ပြောကြားပါတယ်။
ရေကြီးရေလျှံတဲ့ ပြည်နယ်အများစုဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တွေဖြစ်ပြီး မိသားစုပေါင်း သိန်းနဲ့ချီ ထိခိုက်ခဲ့တာပါ။
ရိုက်တာကရရှိတဲ့ ဗွီဒီယိုဖိုင်အရ ဆခွန်နော့ခွန် (Sakon Nakhon) ပြည်နယ်ရဲ့ ဖောက်နွိုင် (Phok Noi) ဒေသက ကျေးရွာတွေကို ရေ၊ အစားအစာနဲ့ ဆေးဝါးတွေ ဖြန့်ဝေနေတာ တွေ့ရပါတယ်။
မုတ်သုန်ရာသီ ရောက်လာပြီဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ နေရာတချို့မှာ မိုးသည်းထန်စွာရွာသွန်းခြင်းရဲ့ အကျိုးဆက်တွေကို ကြုံတွေ့ခံစားနေရတယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖြော်ပထားပါတယ်။
6 years Ago