ထိုင်းတွင် မုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံး၊ တံတားကျိုးကျသည့် ရုပ်သံထွက်ပေါ် (ရုပ်သံ)

A d v e r t i s e m e n t With Us

August 21, 2016

ထိုင်းတွင် မုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံး၊ တံတားကျိုးကျသည့် ရုပ်သံထွက်ပေါ် (ရုပ်သံ)

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ၀င်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်းကြောင့် သြဂုတ် ၂၁ ရက်မှာ လူ ၃ ဦးရေနစ်ခဲ့သလို ခရိုင် ၁၂ ခုမှာ ရေနစ်မြုပ်နိုင်ဖွယ် အလားအလာရှိတယ်လို့ သတိပေး ချက်ထုတ်ပြန်ထားပါတယ်။ ချင်းရိုင်ခရိုင်မှာ လူ ၃ ဦး သေဆုံးသွားတာဖြစ်ပြီး မဲအိုင်ခရိုင်မှာလည်း ရွာ ၃ ရွာက အိမ် ၃၄ လုံး ပျက်စီးသွားတယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ ရေးပါတယ်။ ချင်းမိုင်ခရိုင်မှာလည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သစ်ပင်တွေလဲတာ လမ်းပိတ်ဆို့တာ ဖြစ်ပွားခဲ့တယ်လို့ သတင်းက ရေးပါတယ်။ တိုက်ခတ်နေတဲ့ မုန်တိုင်း Dianmu ကြောင့် လန်ပန် ၀မ်နုခရိုင် မဲဆတ်ရွာနားက ၀မ်မြစ်ကို ဖြတ်သန်း ဆောက်လုပ်ထားတဲ့ တံတားလည်း ရေစီးကြောင့် ကျိုး ကျသွားပါတယ်။ တံတားကျိုးကျသွားတာကို ရုပ်သံမှတ်တမ်းရိုက်ယူပြီး ယူကျူစာမျက်နှာပေါ် တင်ထားပါတယ်။ မြောက်ပိုင်းကခရိုင်တွေမှာ မိုးပိုသည်းလာမယ်လို့လည်း ထိုင်းနိုင်ငံ မိုးလေ၀သအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေအနေနဲ့ ရေကြီးမြေပြိုတာတွေကို သတိထားဖို့လည်း သတိပေးထားပါတယ်။
5 years Ago
Up