ထိုင်းတွင် ဗဲန်ကားနှင့် ထရပ်ကားတိုက်၊ မြန်မာအလုပ်သမား ၂ ဦးသေဆုံး

March 13, 2016

ထိုင်းတွင် ဗဲန်ကားနှင့် ထရပ်ကားတိုက်၊ မြန်မာအလုပ်သမား ၂ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ မောင်ခရိုင်တွင်းက လမ်းမတခုပေါ်မှာ ထရပ်ကားတစီးနဲ့ ဗဲန်ကား တစီးတိုက်မိပြီး ဗဲန်ကားပေါ်ပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး နဲ့ ကျန်ခရီးသည် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီယာဉ်တိုက်မှုဟာ တာ့ခ်မြို့နဲ့ မဲဆောက်အသွားလမ်းမပေါ် ကီလိုမီတာ ၆၇ နဲ့ ၆၈ ကြား ဒွိုင်ယာ့ခ်အရပ်မှာ မတ်လ ၁၂ ရက်နေ့က ဖြစ်ခဲ့တာလို့ ရဲတွေက ပြောပါ တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေတင်ဆောင်လာတဲ့ ဗဲန်ကားဟာ မဲဆောက်မြို့မှ ဆ မွတ်ဆခွန်ခရိုင်ကို ပို့ဆောင်ချိန် လမ်းမှာ ထရပ်ကားနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တာပါ။ ကားပေါ်ပါ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရ ရှိခဲ့ကြတဲ့ ခရီးသည် ၁၃ ဦးကို နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ထားခဲ့ရပါတယ်။ ကား ၂ စီးလုံးပေါ်မှ ယာဉ်မောင်း ၂ ဦးစလုံး ထိခိုက်ဒဏ်ရာမရရှိခဲ့ပဲ လက်ရှိမှာ တော့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြတာပါ။
6 years Ago
Up