ထိုင်းတွင် စားသောက်ဆိုင်ကို သေနတ်ကိုင်ဆိုင်ကယ်သမား ၂ ဦး ပစ်ခတ်

A d v e r t i s e m e n t With Us

March 25, 2016

ထိုင်းတွင် စားသောက်ဆိုင်ကို သေနတ်ကိုင်ဆိုင်ကယ်သမား ၂ ဦး ပစ်ခတ်

ထိုင်းနိုင်ငံ၊ ဆာဘားရွိုင်ခရိုင်ထဲက စားသောက်ဆိုင်တခုထဲကို မတ်လ ၂၄ ရက်နေ့က သေနတ်ကိုင် ဆိုင်ကယ်သမား ၂ ဦး တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဆိုင်ကယ်သမားတွေဟာ အဲဒီနေ့ နေ့လယ်ပိုင်း ဆာဘားရွိုင်ခရိုင်၊ မို-၁ ကျေးရွာ၊ ဓာတ်ဆီဆိုင်တဆိုင်နားမှာ တည်ရှိတဲ့ ခေါက်ဆွဲဆိုင်တဆိုင်ရှေ့က ဖြတ်သွားချိန်မှာ စစ်တပ်သုံး သေနတ်တွေနဲ့ လေးငါးချက်လောက် ဆိုင်ထဲကို ပစ်ခဲ့တာလို့ ခရိုင်တာဝန်ကျ ရဲအရာရှိ ဆူဝပ်ချီဒါအိုက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆိုင်ထဲမှ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဦးကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ပတ်ထရာသီယာပရွန်ရစ်က ဘယ်ဘက်လက်မောင်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကန် နော့ပ်ပွန် အွန်လာအွန်းကတော့ သေနတ်ကျည်ဆံ ရှပ်ထိသွားခဲ့တာပါ။ သေနတ်ကျည်ဆန် ဦးခေါင်းကို ထိမှန်ခဲ့တဲ့ ဒါရူနီးသောင်နွီကတော့ ဆောင်ကလန် ဂရင်ဆေးရုံမှာ အထူးကြပ်မတ် ကုသနေရတယ်လို့ ဆိုပါတယ်။ ရဲတွေအနေနဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up