ထိုင်းဆရာ

February 20, 2018

ဓာတုဗေဒ ဖော်မြူလာများအား သီချင်းလိုလုပ် သင်ကြားပေးသည့် ထိုင်းဆရာ ရေပန်းစား (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်က စာသင်ကျောင်းတကျောင်းမှာ ကျောင်းသင်ခန်းစာကို သီချင်းသံစဉ်ထည့်ပြီး သင်ကြားပေးတဲ့ ဗွီဒီယိုဖိုင်တခု လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ ဘန်ကောက် ဆတရီဆစ်ဘွတ်ထဘန်းဖိန်း အထက်တန်းကျောင်းက သိပ္ပံဘာသာတွဲ သင်ကြားသူ ဆရာတဦးဟာ ဓာတုဗေဒဆိုင်ရာ ဖော်မြူလာ (ပုံသေနည်း) တွေကို ဒီနေ့ခေတ် လူငယ်တွေကြား ရေပန်းစားတဲ့ ကုကိဆိန်ဟိုင်ဆိုတဲ့ မြူးမြူးကြွကြွ သီချင်းသံစဉ်ထဲထည့်ပြီး အကနဲ့အတူ သီဆိုသင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဓာတုဗေဒဘာသာရပ်ထဲက ဒြပ်ပေါင်းဖော်မြူလာတွေဟာ များပြားရှုပ်ထွေးတဲ့အတွက် ကျောင်းသူကျောင်းသားတွေအနေနဲ့ မှတ်သားရတာ ခက်ခဲလို့  အခုလို သီချင်းသံစဉ် ထည့်သွင်းတာဖြစ်ကြောင်း၊ သီချင်းခေါင်းစဉ်ကိုလည်း မူလ ကုကိဆိန်ဟိုင်ဆိုတဲ့နေရာမှာ ကုကိစက်မှုလက်မှုလို့ ပြောင်းလဲထားပြီး တခြားကျောင်းက ကလေးတွေလည်း သီဆိုသင်ယူနိုင်ဖို့ သီချင်းစာသားပါ ဖြန့်ဝေထားတယ်လို့ အဲဒီဆရာရဲ့ လူမှုကွန်ရက်ကို ကိုးကားပြီး sanook.com သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up