ထိုင်းကလေးငယ်

A d v e r t i s e m e n t With Us

August 16, 2018

မူလတန်းကလေး ၅ ဦးပါဝင်သည့် ဟစ်ပ်ဟော့ပ်အဖွဲ့ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူး (ရုပ်သံ)

မူလတန်းကလေးငယ် ၅ ဦးပါဝင်တဲ့ ထိုင်းနိုင်ငံက ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့ဟာ လက်ရှိမှာတော့ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဘူရီယမ်ခရိုင်ရှိ သော့ဆဖွန်ဝစ်ထရာ မူလတန်းကျောင်းက ကျောင်းသားလေးတွေ ဖြစ်ကြပြီး အမေရိကန်နိုင်ငံမှာ သြဂုတ် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကျင်းပတဲ့ ကမ္ဘာ့ဟစ်ပ်ဟော့ပ် အကချန်ပီယံပြိုင်ပွဲမှာ အငယ်တန်းချန်ပီယံဆု ရရှိခဲ့တာပါ။ ကျောင်းက ဒါရိုက်တာတဦးဖြစ်တဲ့ ဆောင်ကရန်ပန်ဖီနစ်ကတော့ ကျောင်းသားလေးတွေဟာ အသက် ၇ နှစ်ကနေ ၁၂ နှစ်ကြား ပြိုင်ပွဲမှာ ခုလို ဆုရရှိခဲ့တာလို့ ပြောပါတယ်။ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ကျင်းပတဲ့ ဒီပြိုင်ပွဲကိုတော့ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ က ပြိုင်ပွဲဝင် ဟစ်ပ်ဟော့ပ်အဖွဲ့တွေ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ “ကျနော်တို့ မျှော်လင့်ထားတာထက် သူတို့ ပိုကောင်းခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကလေးတွေကို အတွေ့အကြုံ ယူနိုင်ရုံပဲ ရည်ရွယ်ထားခဲ့ကြတာမို့ပါ” လို့ ဆောင်ကရန်က ပြောပါတယ်။ အသစ်စက်စက် ချန်ပီယံ ဟစ်ပ်ဟော့ပ်ကလေးငယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ကြပြီး သုဝဏ္ဏဘူမိလေဆိပ်မှာ ပရိသတ်တွေက ကြိုဆိုခဲ့ကြပါတယ်။ ဆောင်ကရန်ကတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကလေးငယ်တွေကို ဘတ် ၅ သောင်းစီ စကောလားရှစ် ပညာသင်ဆုတွေ ချီးမြှင့်သွားမယ်လို့ ပြောလိုက်ပါတယ်။
3 years Ago

July 7, 2018

လိုဏ်ဂူထဲပိတ်မိနေသည့် ထိုင်းကလေးငယ်များကို အင်္ဂလန်အသင်းနောက်ခံလူ ဂျွန်စတုန်း အားပေး

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်ထဲက လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ဦးကို ဘေးကင်းဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အင်္ဂလန် လက်ရွေးစင်အသင်း နောက်တန်းသမား ဂျွန်စတုန်းက အားပေးစကား ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံမှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာ စီတီးအသင်း နောက်တန်းသမား ဂျွန်စတုန်းက  သူနဲ့ လက်ရွေးစင် အသင်းဖော်တွေဟာ ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းလူငယ်တွေအကြောင်း ပြောဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းသားတွေ အားလုံးက သူတို့တွေ ဘေးမသီ ရန်မခဘဲ ဂူအပြင်ကို ရောက်လာစေခြင်တယ်လို့လည်း ပြောပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား လူငယ် ၁၂ ယောက်နဲ့ နည်းပြ ၁ ယောက်တို့ဟာ လိုက်ဂူထဲမှာ ပိတ်မိနေတာ အခုဆိုရင် ၂ ပတ်မြောက် ရှိနေပါပြီ။ ထိုင်း လူငယ်တွေ ဂူထဲမှာ ပိတ်မိနေတဲ့ သတင်းဟာ ကမ္ဘာ့သတင်းတွေမှာ ထိပ်ဆုံးက နေရာယူထားတဲ့ သတင်းလည်း ဖြစ်ပါတယ်။ နောက်တန်းသမား ဂျွန်စတုန်းရဲ့ အင်္ဂလန်ဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆွီဒင်နဲ့ ဒီနေ့ည ယှဉ်ပြိုင်ရမှာပါ။
3 years Ago
Up