ထိုင်းပရီးမီးယားလိဂ်ကလပ် ဘူရီရမ်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း (MNL All Stars) နဲ့ လာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်နေ့ကျရင် ရန်ကုန်မြို့က သုဝဏ္ဏအားကစားကွင်းမှာ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းနဲ့ ဘူရီရမ်အသင်းတို့ စီစဉ်တဲ့ ဒီခြေစမ်းပွဲကနေ ရရှိတဲ့ ကွင်းဝင်ကြေးတွေအားလုံးကို လူမှုရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘူရီရမ်အသင်းဟာ ၁၉၇၀ ခုနှစ်က တည်ထောင်ခဲ့ပြီး ထိုင်းလိဂ်ချန်ပီယံဆု ၅ ကြိမ် ရရှိထားပါတယ်။
ဒါ့အပြင် အာရှချန်ပီယံလိဂ် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အသင်းလည်းဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် အသင်းကောင်းတသင်း ဖြစ်ပါတယ်။
ဘူရီရမ်အသင်းမှာ ထိုင်းလက်ရွေးစင်တွေနဲ့ တောင်အမေရိက၊ ဥရောပ ကစားသမားတွေ ပါဝင်ကစားနေပါတယ်။
ဘူရီရမ်အသင်းအနေနဲ့ မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယားတို့နဲ့ Asean Tour အဖြစ် ရန်ပုံငွေ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပါတယ်။
6 years Ago