မြန်မာနဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် မြန်မာနေရှင်နယ်လိဂ် အောစတားအသင်း (MNL All Star) နဲ့ ထိုင်းထိပ်သီးအသင်း ဘူရီယမ်အသင်းတို့ ခြေစမ်းပွဲကို လာမယ့် ဇန်နဝါရီ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
မြန်မာနေရှင်နယ်လိဂ် အောစတာအသင်းကို ရတနာပုံအသင်းနည်းပြ ရီနီက တာဝန်ယူ ကိုင်တွယ်မှာဖြစ်ပြီး ကစားသမား စုစုပေါင်း ၂၃ ယောက် ရွေးချယ်ထားပါတယ်။
ရွေးချယ်ထားတဲ့ ကစားသမားစာရင်းမှာ နိုင်ငံခြားသားကစားသမားဖြစ်တဲ့ ရတနာပုံနောက်တန်းကစားသမား ဝီလီယမ်၊ ရှမ်းယူနိုက်တက် ကွင်းလယ်ကစားသမား မက်ဆီမင်၊ ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား မွန်ကီးနဲ့ ရှမ်းယူနိုက်တက် တိုက်စစ်မှူး ခရစ္စတိုဖာတို့ ပါဝင်ပါတယ်။
ပြည်တွင်းကစားသမားတွေထဲမှာတော့ လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ကျော်ဇင်ဖြိုး၊ အောင်သူ၊ သန်းပိုင်၊ ရန်အောင်ကျော်၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်တို့ ပါဝင်ပြီး တိုက်စစ်မှူး ကျော်ကိုကိုလည်း ရွေးချယ်ခံခဲ့ရပါတယ်။
မြန်မာနေရှင်နယ်လိဂ် အောစတားအသင်းနဲ့ ခြေစမ်းမယ့် ဘူရီယမ်အသင်းဟာ ပြီးခဲ့တဲ့ ထိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ ရရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်။
6 years Ago