ထိုင်ဝမ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူကို တရုတ်အစိုးရ ထောင်ဒဏ်ချမှတ်

November 30, 2017

ထိုင်ဝမ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူကို တရုတ်အစိုးရ ထောင်ဒဏ်ချမှတ်

ထိုင်ဝမ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လီမင်ချေကို နိုင်ငံတော်အာဏာ အဖျက်အမှောင့်လုပ်မှုနဲ့ တရုတ်အစိုးရက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ချမှတ်လိုက်တဲ့ အဲဒီအမိန့်ကို ထိုင်ဝမ် အာဏာရပါတီက လုံးဝ လက်မခံနိုင်စရာပဲဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ဟူနန်ပြည်နယ်အလယ်ပိုင်း ယူယန်မြို့ ပြည်သူ့တရားရုံးမှာ တရုတ်ပြည်မကြီး လူ့အခွင့်အရေးလှုပ်ရှားသူ ဖန်ယုဟွာကိုလည်း အလားတူ အမှုအတွက် လီမင်ချေနဲ့အတူ   ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။ လီမင်ချေနဲ့ ဖန်ယုဟွာတို့ နှစ်ဦးစလုံးဟာ အယူခံမဝင်ဘဲ ချမှတ်တဲ့စီရင်ချက်ကို လက်ခံခဲ့ပါတယ်။ ကောလိပ်ကျောင်းဆရာတဦးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ လီမင်ချေဟာ ပြီးခဲ့တဲ့မတ်လက တရုတ်နိုင်ငံကို ခရီးသွားရင်း ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up