ထိုင်ဝမ် တိုက်လေယာဉ်သရုပ်ပြအဖွဲ့ လေကြောင်းပြကွက် စမ်းသပ်လေ့ကျင့်

August 8, 2017

ထိုင်ဝမ် တိုက်လေယာဉ်သရုပ်ပြအဖွဲ့ လေကြောင်းပြကွက် စမ်းသပ်လေ့ကျင့်

‘မိုးကြိုးကျားများ’ (Thunder Tigers) လို့ နာမည်ပေးထားတဲ့ ထိုင်ဝမ် တိုက်လေယာဉ်သရုပ်ပြအဖွဲ့ဟာ ထိုင်ဝမ်လေတပ်ဖွဲ့နေ့ မတိုင်မီ သြဂုတ် ၇ ရက်က အထူးလေကြောင်းပြကွက်တွေကို စမ်းသပ်လေ့ကျင့်ခဲ့ကြပါတယ်။ ထိုင်ဝမ်လေတပ်နှစ်ပတ်လည်နေ့ဟာ သြဂုတ် ၁၄ ရက်နေ့မှာ ကျရောက်တာဖြစ်ပေမယ့် အများပြည်သူ ကြည့်ရှုနိုင်ဖို့ သြဂုတ် ၁၂ ရက် စနေနေ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ‘မိုးကြိုးကျားများ’ ဆိုတဲ့ လေကြောင်းသရုပ်ပြအဖွဲ့ကို ၁၉၅၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုစမ်းသပ်သရုပ်ပြပွဲကို ဂန်ရှန် လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်ခဲ့ပြီး အရောင်မျိုးစုံတဲ့ လေယာဉ်မီးခိုးတန်းတွေနဲ့ ပုံစံမျိုးစုံ ပြုလုပ်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ “လူအနည်းငယ်လောက်ပဲ တိုက်လေယာဉ်မောင်းဖြစ်ခွင့် ရှိတာပါ။ အဲဒီလူအနည်းငယ်ထဲက နောက်လူနည်းနည်းကပဲ ဒီ ‘မိုးကြိုးကျားများ' တိုက်လေယာဉ်သရုပ်ပြအဖွဲ့မှာ အရွေးခံရတာပါ။ ဆိုတော့ ရာခိုင်နှုန်းတော်တော်နည်းပါတယ်။ ဒါပေမယ့် တိုက်လေယာဉ်မောင်းသမားတွေအားလုံး အလွန်တော်ကြတာဆိုတော့ သူတို့လည်း ဒီလိုပျံသန်းမှုမျိုး လုပ်နိုင်ကြမှပါ” လို့ ထိုင်ဝမ်ကာကွယ်ရေး တိုက်လေယာဉ်မှူး ဒု-ဗိုလ်မှူးကြီး လျူရှိပေါင်က ပြောကြားသွားပါတယ်။
4 years Ago
Up