ထိုင်ဝမ်ကျောင်းသားများ

September 25, 2017

တရုတ်ဂီတဖျော်ဖြေပွဲကို ဖျက်သိမ်းရန် ထိုင်ဝမ်ကျောင်းသားများ ဆန္ဒပြ

တရုတ်ပါရမီပြပွဲအုပ်စုက စီစဉ်တဲ့ ဂီတဖျော်ဖြေပွဲကို ဖျက်သိမ်းဖို့ ထိုင်ဝမ်ကျောင်းသားတွေ စက်တင်ဘာ ၂၄ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအစောင့်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ခရာတွေကို မှုတ်ခဲ့ပါတယ်။ ဒါကြောင့် ပွဲစီစဉ်သူတွေက ပွဲကို ရပ်နားခဲ့ရပါတယ်။ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က အားကစားပွဲတွေလုပ်တဲ့နေရာကို တရုတ် ရုပ်သံအစီအစဉ် "Sing! China" ကို ငှားရမ်းခဲ့လို့ ကျောင်းသားတွေ မပျော်မရွှင် ဖြစ်ခဲ့တာပါ။ ဒီအစီအစဉ်ကြောင့် ကျောင်းသားတွေ အားကစားကွင်းနေရာကို သီတင်းတပတ်လောက် မသုံးနိုင် ဖြစ်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ “ဒါဟာ တရုတ်ပြည်မကြီးက အဆိုပါရမီရှင်ပွဲပဲ၊ သူတို့ဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ အခွန်ငွေကိုသုံးပြီး ဒီပွဲကို စီစဉ်တယ်။ ပိုစတာမှာ ထိုင်ဝမ်ဆိုတဲ့ နာမည်ကိုတောင် မဖော်ပြခဲ့ဘူး” လို့ ဆန္ဒပြကျောင်းသားတယောက်က ပြောပါတယ်။ တရုတ်အစီအစဉ် ထုတ်လုပ်သူတွေက အရောင်းမြှင့်တင်ရာမှာ အစီအစဉ်ကျင်းပရာ နေရာအဖြစ် ထိုင်ဝမ်ကို သီးခြားရည်ညွှန်းတာ မလုပ်ခဲ့တဲ့အတွက် လွတ်လပ်ရေးလိုလားတဲ့ အုပ်စုတွေကို ပိုပြီး ဆွပေးသလို ဖြစ်ခဲ့ပါတယ်။ အစီအစဉ်ရဲ့ ပိုစတာမှာ "2017 'Sing! China' Shanghai, Taipei concert" လို့ ဖော်ပြထားပါတယ်။
4 years Ago
Up