ထိုင်ဝမ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ၂ ဦးသေဆုံး (ရုပ်သံ)

June 4, 2017

ထိုင်ဝမ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ၂ ဦးသေဆုံး (ရုပ်သံ)

ထိုင်ဝမ်နိုင်ငံမှာ မိုးအကြီးအကျယ်ရွာသွန်းမှု ဖြစ်ခဲ့ပြီး ရေကြီးကာ နိုင်ငံအဝှမ်း ပျက်စီးမှုတွေ ဖြစ်နေတယ်လို့ စီဂျီတီအဲန်သတင်းမှာ ဇွန်လ ၄ ရက်နေ့က ရေးထားပါတယ်။ လက်တလောဖြစ်ခဲ့တဲ့ မိုးများပြီး ရေကြီးမှုအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးက လူ ၃ ဦးပျောက်ဆုံးနေခဲ့တာလို့ ဆိုပါတယ်။ ထိုင်ဝမ်ကျွန်းနိုင်ငံ တခုလုံးလိုလိုမှာ ဇွန်လ ၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ရာကနေ ဒီလိုပျက်စီး ပျောက်ဆုံး လူသေမှုတွေ ဖြစ်ခဲ့တာပါ။ ရုပ်သံထဲမှာ တံတားတွေကြိုး၊ ကားကြီးတွေ ချောက်ထဲကျ၊ လမ်းတွေပေါ်မှာ လှိုင်းလုံးကြီးတွေနဲ့အတူ ရေတွေပြည့်လျှံကာ ကားတွေက ခက်ခက်မောင်းနှင်နေရတာကိုလည်း တွေ့မြင်ရပါတယ်။ ရုပ်သံရဲ့နောက်မြင်ကွင်းတခုထဲမှာ ၆ နှစ်အရွယ် ကလေးမလေးနဲ့ သူမရဲ့အဘွားဟာ ရေတွေ လူကြီးဒူးခေါင်းနားလောက်ထိ ရောက်နေတဲ့ ဘတ်စ်ကားမှတ်တိုင်နားမှာ ပိတ်မိနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် ရေတွေက အဘွားရဲ့ ရင်ခေါင်းအထိရောက်လာလို့ ကလေးကို အဘွားဖြစ်သူက ချီထားရပါတယ်။ နောက်ဆုံးမှာ ရေထုကြီးက ကလေးမလေးနဲ့အဖွားဖြစ်သူကို အဝေးသယ်ဆောင်သွားပြီး ကလေးမလေးကိုတော့ ရဲတွေက ကယ်ဆယ်နိုင်ပြီး ဆေးရုံကိုပို့လိုက်တယ်လို့ သိရပါတယ်။ ထိုင်ဝမ်နိုင်ငံ Taoyuan အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ဂိတ်အမှတ် ၂ ထဲလည်း ရေတွေဝင်လာလို့ လေဆိပ်ဝန်ထမ်းတွေက ဂေါ်ပြားတွေ ရေပုံးတွေနဲ့ ခတ်ထုတ်ပြီး လေဆိပ်အဆောက်အအုံ အပြင်ဘက် ရေတွေ လမ်းကြောင်းလွဲ စီးဆင်းသွားအောင် လုပ်ဆောင်နေရာတာ တွေ့မြင်ရပါတယ်။
4 years Ago
Up