ထိုင်ဝမ်တပ်ဖွဲ့ဝင်များ အကြမ်းဖက်မှုတိုက်ဖျက်ရေး

June 10, 2017

ထိုင်ဝမ်တပ်ဖွဲ့ဝင်များ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့် (ရုပ်သံ)

ထိုင်ဝမ် ကမ်းရိုးတန်းစောင့်တပ်က ကျွန်းမြောက်ပိုင်း ကီးလန် ဆိပ်ကမ်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး စနေနေ့က စစ်ရေး လေ့ကျင့်နေပါတယ်။ ၂၀၀၁ ကစပြီး ၉ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုပါ။ လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေက ဓားစာခံ ဖမ်းထားတဲ့ သင်္ဘောသားတွေကို ကမ်းရိုးတန်းစောင့်တပ်က ကယ်ဆယ်ပုံကို လေ့ကျင့်ကြပါတယ်။ ၂ နာရီကြာ စစ်ရေးလေ့ကျင့်မှုအတွင်း ကမ်းရိုးတန်းစောင့်သင်္ဘော စုစုပေါင်း ၆ စီးနဲ့ ရဟတ်ယာဉ် ၅ စီး ပူးပေါင်းလေ့ကျင့်ကြပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေကို သမ္မတ ဆိုင်အင်းဝမ်ကိုယ်တိုင် လာရောက် ကြည့်ရှုပါတယ်။ တိုင်ဝမ် ရေပိုင်နက်ရဲ့ အခြေအနေဟာ ရှုပ်ထွေးမှုတွေ များလာတယ်။ ကမ်းရိုးတန်းစောင့် အာဏာပိုင်တွေ အင်အားတိုးမြှင့်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။ ကျန်ခဲ့တဲ့ နှစ်နည်းနည်းအတွင်း အာဖရိက ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်က ပင်လယဓားပြတွေဟာ တိုင်ဝမ် ငါးဖမ်းသမားတွေကို ပြန်ပေးဆွဲမှု အတော်များများ ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ရေးလေ့ကျင့်မှုဟာ ဒီဖြစ်ရပ်တွေကြောင့်လို့တော့ ထိုင်ဝမ် အာဏာပိုင်တွေက မပြောခဲ့ပါဘူး။
4 years Ago
Up