ထိုင်ဘုရင်ကြီး မွေးနေ့အထိမ်းအမှတ် တနိုင်ငံလုံး စက်ဘီးစီးလှုပ်ရှားမှု (ရုပ်သံ)

December 12, 2015

ထိုင်ဘုရင်ကြီး မွေးနေ့အထိမ်းအမှတ် တနိုင်ငံလုံး စက်ဘီးစီးလှုပ်ရှားမှု (ရုပ်သံ)

ထိုင်းနိုင်ငံမှာ ဘုရင့်ကြီး ဘူမိဘော မွေးနေ့ ထိမ်းအမှတ် အဖြစ် Bike for Dad” အမည်ပေးထားတဲ့ တနိုင်ငံလုံး အတိုင်းအတာ စက်ဘီးစီး လှုပ်ရှားမှုကို ဘန်ကောက်၊ ချင်းမိုင် အပါအ၀င် မြို့ကြီး မြို့ငယ်တွေမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ပါတယ်။ ဘန်ကောက်မြို့မှာတော့ အိမ်ရှေ့စံ မင်းသား မဟာ ဗာဂျီရာလောင်ကွန်းက ဦးဆောင်ပြီး ၁၈ မိုင် ခရီးကို စက်ဘီးစီးခဲ့ကြပါတယ်။ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ၀န်ကြီးတွေ အတော်များများလည်း ဒီလှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ကြပါတယ်။ ထိုင်းမှာ အ၀ါရောင် ရှပ်အင်္ကျီဟာ ဘုရင်ကို ကြည်ညိုလေးစားမှု ပြသတဲ့ သဘော ဖြစ်ပါတယ်။ ဘုရင်ကြီး ဘူမိဘောဟာ ဒီဇင်ဘာ ၅ ရက်နေ့မှာ သက်တော် ၈၈ နှစ်ပြည့်ခဲ့ပြီး ထိုင်းပြည်သူတွေက နိုင်ငံရဲ့ ညီညွတ်မှု ဗိသုကာအဖြစ် ရှုမြင်ကြပါတယ်။ ဒီလှုပ်ရှားမှုကို အရှေ့မြောက်ဒေသက ဥဘွန်း ရတ်ချက်ဌာနီ၊ တောင်ပိုင်းက စူရတ်ဌာန၊ ချန်သာဘူရီ ပြည်နယ်တွေမှာလည်း ပြုလုပ်ပါတယ်။ ထိုင်းဘုရင်ကြီးဟာ ကျန်းမာရေး မကောင်းတာကြောင့် စက်တင်ဘာလ ၁ ရက်နေ့ကတည်းက လူမြင်ကွင်းကို ထွက်ပြီး အဖူးမြော် မခံခဲ့ပါဘူး။ အခုလောလောဆယ် ဘန်ကောက်က ဆေးရုံတရုံမှာ ကုသမှု ခံယူနေရပြီး ကျန်ခဲ့တဲ့ ၆ နှစ်လုံးလည်း ဆေးရုံတက်လိုက်၊ ဆင်းလိုက် အခြေအနေမျိုးပါ၊ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကပဲ ဥနှောက်မှာ ရေ၀င်တဲ့ ရောဂါကို ကုသခဲ့ရပါတယ်။
6 years Ago
Up