ထိုက်တန်သည့်ပြောင်းရွှေ့ကြေးရလျှင် အူဘာမီယန်းကို ရောင်းချရန် စဉ်းစားမည်ဟု ဒေါ့မွန် ပြော

January 27, 2017

ထိုက်တန်သည့်ပြောင်းရွှေ့ကြေးရလျှင် အူဘာမီယန်းကို ရောင်းချရန် စဉ်းစားမည်ဟု ဒေါ့မွန် ပြော

ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် အူဘာမီယန်းကို ရောင်းချဖို့ စဉ်းစားသွားမယ်လို့ ဒေါ့မွန်အသင်း အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အသက် ၂၇ နှစ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို ထိပ်တန်းကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးအသင်းတို့နဲ့ အပြောင်းရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘယ်ကစားသမားကိုမဆို အသင်းမှာ အမြဲတမ်းရှိမယ်လို့ အာမ မခံနိုင်ဘူးလို့ ဒေါ့မွန်စီအီးအိုက ပြောကြားခဲ့ပြီး ပေါင် သန်း ၇၀ လောက်နဲ့ ကမ်းလှမ်းမယ်ဆိုရင် အသင်းဘုတ်အဖွဲ့က လက်ခံ စဉ်းစားသွားမယ်လို့ ဂျာမနီရုပ်သံတခုဖြစ်တဲ့ ကစ်ကာနဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။ ဒါ့အပြင် အူဘာမီယန်းဟာ ထိပ်တန်းအသင်းတွေမှာ ကစားဖို့အတွက် လုံလောက်တဲ့ခြေစွမ်းရှိသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ ကစားသမားကောင်းတွေကို ပြောင်းရွှေ့ကြေးအများအပြားနဲ့ ရောင်းထုတ်လေ့ရှိပေမယ့် မှန်ကန်တဲ့ ကစားသမားတွေကိုလည်း အစားထိုးနိုင်စွမ်းရှိတယ်လို့ ဒေါ့မွန်စီအီးအိုက ပြောကြားခဲ့ပါတယ်။ အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် ပွဲ ၂၀ ကစားထားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။
4 years Ago
Up