ထုတ်ဝေ

April 22, 2021

ဥဩစာစဉ်အတွဲ(၁)၊ အမှတ်(၄) ထုတ်ဝေ

 ကဗျာ၊ ကာတွန်း၊ သုတရသ၊ သတင်းကဏ္ဍစုံလင်စွာနဲ့ ဥဩစာစဥ် အတွဲ(၁)၊ အမှတ်(၄) ကို ဒီနေ့ ထုတ်ဝေလိုက်ပြီး  ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူတွေကို ပို့ဆောင်ပေးနေပါတယ်။

ဥဩစာစဥ်ကို ထားဝယ်ခရိုင်အတွင်းရှိ အင်တာနက်မရတဲ့ ကျေးရွာတွေထိ ရောက်ရှိစေဖို့ နည်းလမ်းမျိုးစုနေဲ့ ကြိုးပမ်းနေတယ်လို့ စာစဉ်ထုတ်ဝေသူတွေက ပြောပါတယ်။

စာစဥ်ကို အရောက်ပို့ဆောင်ပေးနိုင်ခြင်းမရှိသေးတဲ့ ကျေးရွာတွေမှာ အင်တာနက်ရသူတွေအနေနဲ့ PDF File ကို Download ရယူပြီး Print ထုတ်ကာ ပြန်လည်မျှဝေပေးပြီး သတင်းအမှားပျံ့နှံ့မှုတွေကို ကူညီလျော့ချကာ စစ်ကောင်စီရဲံ သတင်းအမှောင်ချမှုကို အံတုတွန်းလှန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

2 weeks Ago
Up