ထုတ်ယူ

August 25, 2020

ထိုင်းနိုင်ငံတွင် အဝတ်လျှော်စက်ထဲ ဝင်ဆော့သည့် ကလေးငယ်အား ခဲယဉ်းစွာ ထုတ်ယူ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးငယ်တစ်ဦး အဝတ်လျှော်စက်ထဲ ဝင်ဆော့ပြီး ပြန်ထွက်လို့မရတော့လို့ ကယ်ဆယ်ရေးအဖွဲ့တွေခေါ်ပြီး ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရပါတယ်။  နုန်းဆွန်မြို့နယ်က အိမ်ရှင်မတစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့က အဝတ်လျှော်နေစဉ် ၅ နှစ်ရွယ်သားငယ်လေးကလည်း အနီးက ဇလုံထဲမှာ ရေဆော့နေကြောင်း၊ အဝတ်လျှော်ပြီးလို့ မိခင်က အဝတ်သွားလှန်းနေစဉ် ကလေးအော်ငိုသံကြားလို့ လာကြည့်တော့ သားဖြစ်သူက အဝတ်လျှော်စက် အခြောက်ခံပေါက်ထဲ ရောက်နေတာလို့ သတင်းထောက်တွေကို ပြောပါတယ်။  ကလေးရဲ့ ပေါင်ဟာ အခြောက်ခံပုံးထဲမှာ ညှပ်ပိတ်နေပြီး မိသားစုဝင်တွေက ၂ နာရီကြာ အမျိုးမျိုးကြိုးစားဆွဲထုတ်ပေမယ့် မရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ဖုံးဆက်ခေါ်လိုက်ရပါ တယ်။  ကယ်ဆယ်ရေးတွေလည်း အတန်ကြာဆွဲထုတ်လို့မရတဲ့အဆုံး အဆိုပါအဝတ်လျှော်စက်ကို တစ်စစီဖြုတ်ထုတ်ပြီး အခြောက်ခံပုံးကို လျှပ်စစ်လွှနဲ့ဖြတ်လိုက်မှဘဲ ကလေးကို ဆွဲထုတ်လို့ရသွားပါတော့တယ်။  မိခင်က အဝတ်လျှော်စက် မီးပလပ်ဖြုတ်ထားလို့သာ တော်သေးကြောင်း၊ မဟုတ်ရင်တော့ အဝတ်လျှော်စက်မွှေပြီး ကလေးအသက်ပါ ဆုံးရှုံးနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။  အိမ်မှာ ကလေးငယ်တွေရှိရင် သတိထားရအောင်လို့ ဗွီဒီယိုပါ တွဲတင်ပေးလိုက်ပါတယ်။
1 year Ago

July 31, 2020

ချီလီနိုင်ငံသား အယောက် ၁ သန်းကျော် အငြိမ်းစား ရန်ပုံငွေ ထုတ်ယူ

ချီလီနိုင်ငံသား အယောက် ၁ သန်းကျော်ဟာ အငြိမ်းစား ရန်ပုံငွေ တစိတ်တပိုင်းကို ထုတ်ယူခဲ့ကြတယ်လို့ သိရပါတယ်။  ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုကို ထေမိစေဖို့ အငြိမ်းစား စုဆောင်းငွေတွေကို ကြားဖြတ်ထုတ်ယူဖို့ နိုင်ငံသားတွေကို ခွင့်ပြုမယ့် အငြင်းပွားဖွယ် ဥပဒေ သက်ရောက်အပြီးမှာ ခုလို စုပြုံထုတ်ယူခဲ့ကြတာပါ။ အရေးပေါ် လုပ်ဆောင်ချက်အရ အငြိမ်းစား ရန်ပုံငွေရဲ့ ၁၀ ရခိုင်နှုန်းအထိ ထုတ်ယူဖို့ ခွင့်ပြုထားပါတယ်။ မြို့တော် စန်တီယေဂိုက အငြိမ်းစား ရန်ပုံငွေ စီမံခန့်ခွဲရေးရုံးတွေ အပြင်မှာ လူတန်းရှည်ကြီး စောင့်ပြီး ထုတ်ယူခဲ့ကြတယ်လို့ ဇူလိုင် ၃၁ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ငွေထုတ်ပေးမယ့် လုပ်ငန်းစဉ်က အလုပ်လုပ်ချိန် ဆယ်ရက် ကြာနိုင်ပြီး စထုတ်ပေးတဲ့ အစောပိုင်းနာရီတွေမှာတင် အငြိမ်းစား လစာ ထုတ်နိုင်သူ အယောက် ၁၁ သိန်းကျော်က ထုတ်ခွင့်စာတွေ အောင်အောင်မြင်မြင် တင်ခဲ့ကြတယ်လို့ ချီလီ အငြိမ်းစား ရန်ပုံငွေ မန်နေဂျာ များ အသင်း ဥက္ကဋ္ဌက ပြောပါတယ။ ချီလီနိုင်ငံသား ၁၀ ယောက်မှာ ၉ ယောက်က အငြိမ်းစား ရန်ပုံငွေကို ကြားဖြတ်ထုတ်ယူဖို့ စီစဉ်ထားတယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ အများစုကတော့ အခြေခံ ကုန်စည်တွေ ဝန်ဆောင်မှုတွေအတွက် ငွေပေးရာမှာ ထုတ်ငွေကို သုံးမယ်လို့ ပြောခဲ့ကြပါတယ်။
1 year Ago
Up