ထုတ်ပြန်မည်

January 28, 2020

သမ္မတဒေါ်နယ်ထရမ့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ် ထုတ်ပြန်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ရော အတိုက်အခံ ခေါင်းဆောင် ဘန်နီဂန့်ဇ်နဲ့ပါ ဇန်နဝါရီ ၂၇ ရက်မှာ တွေ့ဆုံဖို့ရှိပြီး ကာလကြာရှည် နှောင့်နှေးနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကို ထုတ်ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ထရမ့်ဟာ အစ္စရေးရဲ့ လက်ယာယိမ်း ခေါင်းဆောင် နေတန်ယာဟုနဲ့ ပထမ တွေ့ဆုံမှာ ဖြစ်ပြီး ပြိုင်ဘက် ဂန့်ဇ်နဲ့ နောက်မှ တွေ့မှာလို့ အိမ်ဖြူတော်က အချိန်ဇယား ထုတ်ပြန်ထားပါတယ်။ ဂန့်ဇ်ဟာ မတ်လ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်တဲ့ ငြိမ်းချမ်းရေး စီမံကိန်းအပေါ် ကန့်ကွက်ချက်ကို အရင်အပတ်က ပယ်ချထားပါတယ်။ သူဟာ ဇန်နဝါရီ ၂၈ ရက်မှာ နေတန်ယာဟုနဲ့ တွေ့ပြီး ပူးတွဲမှတ်ချက်ကို အတူထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။ အစ္စရေး နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးချိန်မှာ ထရမ့်ဟာ သူ့အစီအစဉ် အသေးစိတ် တချို့ကို မျှဝေမယ့် အလားအလာရှိတယ်လို့ ဒီအရေးနဲ့နီးစပ်တဲ့ အမေရိကန် သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ရေးပါတယ်။
1 year Ago
Up