ထုတ်ပေးမှု

February 1, 2020

မြန်မာ အပါအဝင် ၄ နိုင်ငံကို အမြဲနေထိုင်ခွင့် ဗီဇာထုတ်ပေးမှု အမေရိကန် ခေတ္တဆိုင်းငံ့

နိုင်ဂျီးရီးယား၊ အီရီထရီးယား၊ ကာဂျစ်စတန်နဲ့ မြန်မာနိုင်ငံသားတွေကို  အမေရိကန်နိုင်ငံမှာ အမြဲနေထိုင်ခွင့် ဗီဇာထုတ်ပေးတာ ခေတ္တဆိုင်းငံ့မယ်လို့ အမေရိကန် ယာယီအမိမြေလုံခြုံရေးဝန်ကြီးက ဇန်နဝါရီ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။   သမ္မတထရမ့်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကို တိုးချဲ့လိုက်တာက နိုင်ဂျီးရီးယားကို အထိနာစေပါတယ်။  နိုင်ဂျီးရီးယား ဓာတ်ပုံဆရာမတဦးကလည်း အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ဖို့က တကယ်တမ်း ခက်ခဲပေမယ့် သူ လည်ပတ်ချင်တဲ့နေရာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒါတောင် မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒီပိတ်ပင်မှုဟာ ထောင်နဲ့ချီတဲ့ နိုင်ဂျီးရီးယား ပြောင်းရွှေ့လာသူတွေကို  ထိခိုက်စေပြီး ဒီပေါ်လစီဟာ မွတ်စလင်တွေကို ခွဲခြားဆက်ဆံသလား ဆိုတဲ့ ငြင်းခုံစရာတွေ ပေါ်ပေါက်စေပါတယ်။  အမေရိကန် ယာယီအမျိုးသားလုံခြုံရေးဝန်ကြီး ချက်ဒ်ဝုဖ်ကတော့  ပြောင်းရွှေ့လာသူတွေကို ပစ်မှတ်ထားတဲ့ ဗီဇာတားမြစ်ချက်ဟာ အလည်အပတ် လာရောက်သူတွေနဲ့ ကွဲပြားတယ်လို့ ပြောလိုက်ပြီး အလည်အပတ်ဗီဇာတွေက တားမြစ်ချက်မှာ  အကျုံးမဝင်ဘူးလို့ ပြောခဲ့ပါတယ်။  ချက်ဒ်ဝုဖ်က ဗီဇာဆိုင်းငံ့မယ့်နိုင်ငံတွေဟာ အမေရိကန်နိုင်ငံ လုံခြုံရေးနဲ့ သတင်းအချက်အလက် ဝေမျှရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘဲ ကန့်သတ်ချက်သစ်တွေ  ချမှတ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
1 year Ago
Up