ထုတ်ကုန်များ

January 19, 2020

ပလတ်စတစ် ထုတ်ကုန်များ တရုတ် တားမြစ်မည်

တရုတ်နိုင်ငံဟာ အခုနှစ်ကုန်မှာ ပလတ်စတစ် ညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ နိုင်ငံရဲ့ တချို့ဒေသတွေမှာ ပလတ်စတစ် ထုတ်ကုန်တွေ ထုတ်လုပ်၊ ရောင်းချတာတွေနဲ့ အသုံးပြုတာတွေကို တားမြစ်မယ်လို့ ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်နဲ့ သဘာဝပတ်ဝန်းကျင်နှင့် ဝန်ကြီးဌာနတို့ ပူးတွဲထုတ်ပြန်တဲ့ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်မှာ ပလတ်စတစ် ထုတ်ကုန်တွေ သုံးစွဲမှုကို များစွာလျှော့ချနိုင်မှာဖြစ်ပြီး ပလတ်စတစ်ထုတ်ကုန်တွေ အစားထိုးတာကို ကျယ်ကျယ်ပြန့်ပြန့် အားပေးမယ်လို့ ဖော်ပြထားပါတယ်။ စည်းမျဉ်းအသစ်တွေဟာ ပလတ်စတစ် ထုတ်လုပ်၊ အသုံးပြုတာနဲ့ ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းစဉ်တွေ အားလုံးနဲ့ သက်ဆိုင်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။
1 year Ago
Up