ထုတ်ပယ်

April 13, 2017

ပါလာမိုအသင်း နည်းပြ လိုအပက်ဇ်ကို ထုတ်ပယ်

အီတလီစီးရီးအေကလပ် ပါလာမိုအသင်းက နည်းပြဖြစ်သူ ဒီဂို လိုပက်ဇ်ကို ထုတ်ပယ်လိုက်ပါတယ်။ နည်းပြ လိုပက်ဇ်ဟာ ဒီနှစ်ရာသီထဲမှာ ၄ ယောက်မြောက် အထုတ်ခံရတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ပါလာမိုအသင်းက နည်းပြ လိုပက်ဇ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းကမှ ခန့်အပ်ခဲ့တာပါ။ သူကိုင်တွယ်တဲ့ ပွဲစဉ် ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ရလဒ်တွေ မကောင်းလို့ ထုတ်ပယ်လိုက်တာပါ။ နောက်ဆုံးပွဲစဉ်အဖြစ် ပါလာမိုဟာ အေစီမီလန်ကို အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။ လောလောဆယ်မှာတော့ ပါလာမိုဟာ ကစားပြီးတဲ့ ၃၁ ပွဲမှာ ၁၅ မှတ်ပဲ ရသေးပြီး တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။ ပါလာမိုအသင်းဟာ ၂ နှစ်အတွင်းမှာ နည်းပြပေါင်း ၁၂ ယောက်အထိ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။
4 years Ago
Up