ထီးလိုမင်းလိုဘုရား

March 6, 2021

စစ်အာဏာရှင် ဆန့်ကျင်ရေး ပုဂံဆန္ဒပြသူများ ကျိန်စာတိုက်ပွဲပြုလုပ်

ညောင်ဦးခရိုင်‌၊ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှု ယူနက်စကို အသိအမှတ်ပြု ပုဂံမှာ အာဏာရှင်ဆန့်ကျင်ရေး ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဒီနေ့မနက်ပိုင်းက ပိတ်ဆို့တားဆီးမှုတွေရှိပေမဲ့ ရှောင်ကွင်ပြီး ဆက်လက်ဆန္ဒပြခဲ့ကြကာ ကျိန်စာတိုက်ပွဲကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

ဒေသခံတစ်ဦးက “ထီလိုမင်းလိုမှာ ကျိန်စာတိုက်မယ်လို့ ကြေညာထားပြီး ချီတက်တာ သူတို့က ရေကားတွေစစ်ကားတွေနဲ့ ရဲကားတွေ ဆယ်စီးလောက် သွားစောင့်နေတာ၊ အဲဒါကို အဲဒီဘက်မဖြတ်ဘဲ စေတနာကြီး ဘုရားမှာ ကျိန်စာတိုက်ပွဲပြုလုပ်ပြီးတော့ ပြန်လည်ချီတက်ခဲ့တယ်" လို့ ပြောပါတယ်။

2 months Ago

February 27, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစု ထီးလိုမင်းလိုဘုရား ထီးတော်တင်လှူဒါန်း

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ၂၀၁၆ခုနှစ်က ငလျင်ဒဏ်သင့်ခဲ့တဲ့ ထီးလိုမင်းလို စေတီတော်ရဲ့ ထီးတော်တင်လှူတဲ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပါတယ်။  စေတီတော်ရဲ့ ထီးတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ မိသားစုက လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်က ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှေးဟောင်းဒေသက ထီးလိုမင်းလို စေတီတော်အပါအဝင် ရှေးဟောင်းဘုရားစေတီ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။ ထီးလိုမင်းလိုစေတီရဲ့ ထိပ်ဖူးတော်ကနေ ကွမ်းတောင်အထွဋ်အထိပျက်စီးကာ ထီးတော် မြေခခဲ့သလို အရံစေတီ (၄၀)ရဲ့ အထွဋ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဂေါပကအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ အခုလိုပြင်ဆင်ရာမှာ ရှေးဟောင်းအမွေအနှစ်လက်ရာတွေ ထိခိုက် ပျက်စီးမှု မရှိအောင် ရှေးဟောင်းသုတေသန ညွှန်ကြားမှုဦးစီးဌာနနဲ့ ယူနက်စ်ကိုအဖွဲ့ဝင်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် ပြင်ဆင်ခဲ့တယ်လို့ ထီးလိုမင်းလို စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦးက သိရပါတယ်။ အခုကပ်လှူတဲ့ထီးတော်တွေဟာ ရွှေစတီးအမျိုးအစား ထီးတော်တွေဖြစ်ပြီး အထွဋ်ထီးတော်ကြီးဟာ အချင်း(၄)ပေနဲ့ အမြင့် (၁၀)ပေကျော် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနက်စ်ကိုက သတ်မှတ်ပေးထားတဲ့ အလေးချိန်ထက် လျော့နည်း ပေါ့ပါးတယ် လို့လည်း သိရပါတယ်။  ထီးတော်တင်လှူပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဇနီးမောင်နှံအပြင် တပ်မတော်က တာဝန်ရှိသူအများအပြားနဲ့ ရုပ်ရှင်နဲ့ဗွီဒီယို သရုပ်ဆောင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။ သတင်း- ထိန်ထိန်လင်း
1 year Ago
Up