ထီးလင်းမြို့နယ်

December 8, 2022

ထီးလင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၄ ယောက်ကို စစ်ကောင်စီ စစ်ကြောင်းက ဒီဇင်ဘာ ၇ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးလင်းမြို့နယ် ရွှေအောင်သာ အထိုင်စခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ပျူစောထီးအဖွဲ့ဟာ မနေ့ မွန်းတည့် ၁၂ နာရီလောက် တင်းချောင်းရွာနားက တောထဲက တဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားကြတယ်လို့ တင်းချောင်းရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ တင်းချောင်းကျေးရွာက ကိုဆန်းဝင်း၊ ကိုဖိုးစိုးကြီး၊ ကိုအောင်အောင်နဲ့ ကိုမျိုးမင်းဆွေတို့ဖြစ်ကြပြီး ရွှေအောင်သာ တပ်စခန်းကို ခေါ်သွားကာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထီးလင်းမြို့ပေါ်မှာလည်း မြို့ဝင်၊ မြို့ထွက် ဂိတ်တွေမှာ ကင်းတွေချထားပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေသလို လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေး ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၇ ရက်နေ့အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၀၆၀ ယောက်ရှိပြီး အဲဒီထဲက ၁၆၈၆ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2 months Ago

October 27, 2022

ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသားတွေရဲ့နေအိမ်တွေကို  မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့ ခလရ ၅၀ ကဖြစ်ပြီး   ထန်းပင်ကုန်းကျေးရွာက ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

ထီးလင်းဒေသခံတယောက်က “ဒီနေ့မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာ မီးရှို့‌‌နေတာ။ ဒေသခံတွေကတော့ ဘေးလွတ်ရာ ဒေသတွေကို ပြေးနေကြရတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်” လို့ ဒီ‌ဗွီဘီကို ပြောပါတယ်။

အဆိုပါ ထန်းပင်ကုန်းကျေးရွာမှာ ဒေသခံလူနေအိမ် ၁၂၀ ဝန်းကျင်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်ကြပါတယ်။

အောက်တိုဘာ ၂၆ ရက်ကလည်း ထီးလင်းမြို့နယ် အိုင်းမရွာက ဒေသခံနေအိမ် ၆ လုံးနဲ့ ချောင်းပေါက်လမ်းခွဲက ဆိုင်ခန်း ၂ ခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၇၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

3 months Ago
More News
Up