ထီးချိုင့်မြို့နယ်

August 17, 2021

ထီးချိုင့်မြို့နယ် တကောင်း နီကယ်စက်ရုံဝန်ထမ်း ၂ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ  တကောင်းနီကယ်စက်ရုံ ဝန်ထမ်း ၂ ယောက် သြဂုတ် ၁၆ ရက်ညပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ည ၇ နာရီက သူတို့ အလုပ်က ပြန်လာတဲ့အချိန် အမည်မသိ လူ ၅ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေနတ်ပစ်ခံရသူ ၂ ဦးက လူငယ်တွေပါ။ အသက် ၂၅ နှစ်ဝန်းကျင်လောက်ပဲ ရှိမယ်။ ယောက်ျားလေး ၂ ယောက် တစ်ယောက်က မောင်းကုန်းရွာသား၊ တစ်ယောက်က မြတောင်ရွာသားပါ။ အခု ၂ ယောက်လုံး မြတောင်ဆေးရုံမှာ။ ” လို့  ပြောပါတယ်။

ပစ်ခံရသူနှစ်ဦးထဲက ကိုကျော်ကျော်သက်က မနေ့ညပိုင်းမှာ သေဆုံးသွားခဲ့ပြီး ကိုထွန်းစန်းဦးကတော့  အခုမနက်ပိုင်းမှာ  သေဆုံးသွားခဲ့တာလို့ သိရပါတယ်။  သူတို့ နှစ်ဦးကို ဘယ်သူတွေက ဘယ်လိုကြောင်းကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့  မသိရသေးပါဘူး။

တရုတ်အစိုးရက ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းနီကယ်စက်ရုံဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး နီကယ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်ပြီး လက်ရှိမှာလည်း စက်ရုံလည်ပတ်နေတယ်လို့ သိရပါတယ်။

1 month Ago

March 22, 2021

ထီးချိုင့်မြို့တွင် CDM ဆရာ ဆရာမများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာ  အထက်တန်းကျောင်းဝင်းအတွင်း မူလတန်းကျောင်း အုပ်သင်တန်းပေးနေတာကို CDM ဆရာ/ဆရာမတွေက ကျောင်းရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၂၂ ရက်နေ့ ကစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြတဲ့ CDM ဆရာ ဆရာမများ သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ဆရာဆရာမတွေကို စာသင်ခန်းတွေ ပြန်လည်ဝင်ရောက်ဖို့ CDM မလုပ်ကြဖို့ ဖိအားပေးခိုင်းစေတာတွေရှိပေမဲ့ ထီးချိုင့်မြို့က ဆရာတရာမတွေကတော့ CDM ကိုအဆုံးထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ ဆရာ ဆရာမတွေကိုလည်း လက်ခံသွားမှာမဟုတ်ဘူးလို့ဆို ပါတယ်။

6 months Ago
More News
Up