ထီပေါက်

July 2, 2020

ထိုင်းနိုင်ငံတွင်  အမှိုက်ကောက်သူ ၁ ဦး ဘတ်ငွေ ၁၂ သန်းဖိုး ထီပေါက် 

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင်က အမှိုက်ကောက်ရောင်းသူ တစ်ဦးဟာ ဒီ ဇူလိုင်လ ၁ ရက်က ထွက်သွားတဲ့ ထိုင်းထီပထမဆု ၂ စောင်ပေါက်သွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်း သတင်းမှာ ဖော်ပြပါတယ်။  ဗိဿနုလုတ်ခရိုင်က အသက် ၅၅ နှစ်ရွယ်ရှိ နိုင်းပယတ်လုမ့်ဆန်ထေ့ ဆိုသူအမျိုးသား တစ် ဦးဟာ ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့မှာလာပြီး  လမ်းဘေးအမှိုက်ပုံတွေ လိုက်လံမွှေနှောက်ကာ သုံးလို့ရတဲ့အမှိုက်တွေ ပြန်ရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတာပါ။ ဇူလိုင်လ ၁ ရက်မှာတော့ သူဟာ နံပါတ် ၃၄၇၂၅၈ ပါ ထီလက်မှတ် ၂ စောင် ကိုင်ဆောင်လာပြီး ခလောင်းဟ နယ်မြေရဲစခန်းမှာ ပထမဆုပေါက်ကြောင်း လာ အကြောင်း ကြားခဲ့ပါတယ်။ သူဟာ အဆိုပါဂဏန်းနံပါတ်တွေကို အိပ်မက်ထဲမှာ တစုံတယောက်က လာပြချက်အရ ထိုးခဲ့တာဖြစ်ကြောင်း ၊ ပြီးခဲ့တဲ့ အပတ်ကလည်း ပထမဆုရဖို့ နည်းနည်းလေးဘဲ လွဲခဲ့ကာ ဒီအပတ်မှာတော့ ပထမဆု ၂ စောင်ပေါက်သွားတာလို့ ဆိုပါတယ်။  ထိုင်းထီ ပထမဆု ၁ စောင်ကို ဘတ် ၆ သန်းရတဲ့အတွက် သူ့အနေနဲ့ ဆုငွေ ဘတ် ၁၂ သန်းရရှိမှာဖြစ်ပါတယ်။ ပင်ပန်းဆင်းရဲစွာ အမှိုက်ကောက်ရောင်းရတဲ့ သူတစ်ဦး အခုလို နေ့ချင်းညချင်း သူဌေးဖြစ်သွားတဲ့အပေါ် ရဲစခန်းတာဝန်ရှိသူတွေကလည်း ဝမ်းသာဂုဏ်ယူစွာနဲ့ ဓာတ်ပုံတွေအတူ တွဲရိုက်ခဲ့ကြပါတယ်။  ကိုးကား- Manager Online
2 years Ago

February 17, 2020

ဖူးခက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းဘတ် ၆ သန်းဖိုး ထီပေါက် 

ထိုင်းနိုင်ငံမှာ ၂၀၂၀ ဖေဖော်ဝါရီလ ၁၆ ရက်က ထုတ်ပြန်ထားတဲ့ အောင်ဘာလေသိန်းထီ ပထမဆု ဘတ်ငွေ ၆ သန်းဖိုး ပေါက်ဂဏန်း ၇၈၁၄၀၃ ကို ထိုင်းတောင်ပိုင်း ဖူးခက်မြို့က မြန်မာအလုပ်သမားတဦး ကံထူးပြီးခဲ့တယ်လို့ Phuket People’s Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။  ထီပေါက်သူ မြန်မာအလုပ်သမား ဘယ်သူဘယ်ဝါဆိုတာကို သိရဖို့အတွက် ထိုင်း-မြန်မာသံရုံးကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ ရနောင်းအခြေစိုက် အလုပ်သမား သံအရာရှိကတော့ အခုထိ ဘယ်သူမှ ဆက်သွယ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။  မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းကတော့ ဖူးခက်မှာ မနေ့က မြန်မာအလုပ်သမား ၁ ဦး ထီပေါက်တယ်လို့  အလုပ်သမားအသိုင်းအဝိုင်းတွေကတဆင့်သိရကြောင်း၊ အဆိုပါအလုပ်သမားမှာ ဆုငွေကို သူ့ဘာသာထုတ်သွားလို့ မကူညီလိုက်ရဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပဲခူးတိုင်း ဖြူးမြို့နယ်ကနေ ထိုင်းမှာ အလုပ်လာလုပ်တဲ့ မြန်မာလုပ်သား လူရွယ် ၁ ဦး ထိုင်းထီ ပထမဆု ဘတ် ၆ သန်းဖိုး ပေါက်ခဲ့ပြီး သူကတော့ ဆုငွေထုတ်ရေး အေအေစီအဖွဲ့ဆီ အကူအညီတောင်းလာတဲ့အတွက် ငွေထုတ်ပြီး မြန်မာပြည်ပြန်ရောက်သည်ထိ အစဆုံးကူညီပေးခဲ့ကြောင်း၊ ထိုလူငယ်လည်း အေအေစီအလုပ်သမားဂေဟာအတွက် ထောက်ပံ့ငွေ ဘတ် ၆ သောင်း ပြန်လှူခဲ့တယ်လို့ ကိုရဲမင်းက ပြောပါတယ်။ 
2 years Ago
Up