ထီထိုးရင်း အလုခံရသည့် ဘုန်းကြီး

January 12, 2016

ထီထိုးရင်း အလုခံရသည့် ဘုန်းကြီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဖိလစ်ဒဲဖီးယားတောင်ပိုင်းက ဓာတ်ဆီဆိုင်တဆိုင်မှာ လူတယောက်က ဘုန်းတော်ကြီးတပါးဆီကနေ လုယက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၃ ရက်က အသက် ၆၁ နှစ်အရွယ် ဘုန်းကြီး ဓာတ်ဆီဆိုင် စတိုးဆိုင်ထဲမှာ ထီထိုးဖို့ စောင့်နေတုန်း လူတဦးက ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ဘုန်းတော်ကြီးရဲ့ ပိုက်ဆံအိတ်ကို ယူပြီး စတိုးဆိုင်ထဲက ထွက်ပြေးသွားခဲ့တာပါ။ ဘုန်းတော်ကြီးက လုယက်သူရဲ့နောက်ကို လိုက်ပြီး ပိုက်ဆံအိတ်ကို ပြန်ယူဖို့ ကြိုးစားခဲ့ပေမယ့် လုယက်သူက ဘုန်းတော်ကြီးကို အတင်းတွန်းထုတ် ထွက်ပြေးသွားတာကို အနီးနားရှိ စောင့်ကြည့်ကင်မရာတွေက ရိုက်ကူးထားပါတယ်။ ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသမီးကတော့ သံဃာတော်တပါးဖြစ်တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ စီဘီအက်စ် ဖိလစ်ဒဲဖီးယားသတင်းကတော့ လုယက်သူဟာ ကားပေါ်တက်ပြေးပြီး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ဒေါ်လာ ၃၅၀ ပါသွားပြီး လုယက်သူက ထွက်ပြေးလွတ်မြောက်သွားသလို လုယက်သူကို ဖော်ထုတ်နိုင်ဖို့ လူထုကို တာဝန်ရှိသူတွေက အကူအညီ တောင်းထားပါတယ်။
6 years Ago
Up