ရိုင်နီယာဒီရစ်ဒါကို လျှော့တွက်ပြီး ထိုးသတ်ခဲ့တာမဟုတ်ကြောင်း အောင်လအန်ဆန်းက ဖြေရှင်းလိုက်ပါတယ်။
အောင်လအန်ဆန်းဟာ ဟော်လန်က ရိုင်နီယာဒီရစ်ဒါနဲ့ပွဲစဉ် ပထမအချီမှာပဲ Rear Naked Choke ကွက်ကို မကာကွယ်နိုင်ခဲ့တာကြောင့်ရူံးပွဲတွေ့ခဲ့တာပါ။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီရစ်ဒါကို လျှော့တွက်ခဲ့ကြောင့် ရှုံးနိမ့်ခဲ့တာလားဆိုတဲ့ မေးခွန်းအပေါ်မှာ အောင်လအန်ဆန်းက ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီရစ်ဒါနဲ့ ပွဲအတွက် အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ခဲ့တာဖြစ်ပြီး နေရာတချို့မှာ လိုအပ်ချက်ရှိနိုင်တာမျိုးဖြစ်နိုင်ပေမဲ့ လျှော့တွက်တာမျိုးတော့ လုံးဝမရှိခဲ့ကြောင်း အောင်လအန်ဆန်းက ပြောပါတယ်။
ဒီရစ်ဒါဆီကို မစ်ဒယ်ဝိတ်ချန်ပီယံရွေးခါးပတ်ပေးလိုက်ရတာကြောင့် ပြန်လည်စိန်ခေါ်ပွဲ ထိုးသတ်မလားဆိုတာကတော့ ONE က စီစဉ်ပေးပါက ချက်ခြင်း ထိုးသတ်မယ်လို့ အောင်လအန်ဆန်းက ပြောပါတယ်။
အသက် ၃၃ နှစ်ရှိလာပေမဲ့ အနားယူဖို့ အစီအစဉ် မရှိသေးကြောင်းနဲ့ မိမိရဲ့ခန္ဓာကိုယ်က အကောင်ဆုံးပုံစံမှာ ရှိသေးတယ်လို့ အောင်လအန်ဆန်းကပြောခဲ့ပါတယ်။
4 months Ago