ထိုးသတ်တော့မည်

July 27, 2019

မက်ဂရီဂေါကို ပြန်လည် ထိုးသတ်တော့မည်

UFC နာမည်ကျော် အိုင်းရစ်ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးသမား မက်ဂရီဂေါကို ၂၀၁၉ ခုနှစ်အတွင်း ၈ ထောင့် သံဇကာကွင်းထဲမှာ ပြန်လည်မြင်ရတော့မယ်လို့ သိရပါတယ်။ မက်ဂရီဂေါဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အောက်တိုဘာလက နောက်ဆုံးထိုးသတ်ထားပြီးတော့ ရုရှားက ခါဘစ်ကို ရှုံးနိမ့်ပြီး ခါးပတ်လွှဲပေးခဲ့ရတဲ့အပြင် ပွဲအပြီးမှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့်လည်း နီဗားဒါးပြည်နယ် အားကစားအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ပွဲကစားခွင့်ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။ UFC ၂၂၉ ပွဲစဉ်မတိုင်ခင် မေဝဲသာကို လက်ဝှေ့ကြိုးဝိုင်းမှာ သွားရောက်စိန်ခေါ်ခဲ့ပေမယ့် အခြေအနေမလှဘဲ ရှုံးနိမ့်ထားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မက်ဂရီဂေါရဲ့ ပြစ်ဒဏ်ကို ပြည်နယ်အားကစားအဖွဲ့က ဇန်နဝါရီလအထိ တိုးမြှင့်ထားပေမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာ သံဇကာကွင်းထဲပြန်ဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မန်နေဂျာဖြစ်တဲ့ အော်ဒီအက်တာက ပြောပါတယ်။ မက်ဂရီဂေါဟာ ကွင်းတွင်းမှာတင်မကပဲ ကွင်းပြင်ပမှာလည်း ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေကြောင့် မကြာခဏဝေဖန်ခံခဲ့ရသူ ဖြစ်ပေမယ့် သူ့ရဲ့ အရည်အချင်းကြောင့် တဖက်မှာလည်း ပရိသတ်အကြိုက်တွေ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ မက်ဂရီဂေါအနေနဲ့ လက်ရှိမှာတော့ ပုံမှန်ပဲ ဖြတ်သန်းနေပြီး တကျော့ပြန်ထိုးသတ်ဖို့ပြင်ဆင်နေကြောင့် သူဟာ နေ့လယ်စာစားချိန်မှာ အရက် ၁၂ ခွက်လောက် သောက်ထားပေမယ့်လည်း အလုပ်ကိုအာရုံစိုက်နိုင်သူဖြစ်ကြောင်း မန်နေဂျာ အော်ဒီကပြောပါတယ်။ ဒါ့အပြင် ကော်နာဟာ ရှုံးနိမ့်ရတာကို မုန်းသူတယောက်ဖြစ်လို့ အကောင်းဆုံး ဖြစ်တယ်ဆိုတာကို မကြာခင်မှာပြသဖို့ အဆင်သင့်ဖြစ်နေပြီလို့ အော်ဒီက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။
2 years Ago
Up