ထိုးနှံမှု ခံယူ

September 5, 2020

ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ခံယူခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီးပြော

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံတာကို မကြာသေးခင်က ခံယူခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်းဂူက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။  ဆာဗီးယား၊ သီးခြားဓနသဟာယနိုင်ငံများ၊ စုပေါင်းလုံခြုံရေး သဘောတူစာချုပ်အဖွဲ့နဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ကို ရုရှား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သရုပ်ပြရာမှာ  ကာကွယ်ရေးဝန်ကြီးက ကိုယ်တိုင် ကာကွယ်ဆေးထိုးနှံတာကို ခံယူခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်းဂူ ပြောဆိုချက်အရ အဲဒီသရုပ်ပြပွဲကို တက်ရောက်တဲ့ ကာကွယ်ရေးအကြီးအကဲ အတော်များများဟာ ကာကွယ်ဆေးထိုးနှံခံဖို့ အသင့်ရှိကြတယ်လို့ သိရပါတယ်။ ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မထုတ်ပြန်ခင်   လူအများအပြားပါဝင်တဲ့ စမ်းသပ်မှုကို မစတင်ခင်မှာပဲ  နှစ်ကြိမ်ထိုးရတဲ့  ကာကွယ်ဆေးထိုးနှံမှုကို   ပြည်တွင်းမှာ ထိုးနှံခွင့်ပြုဖို့  သြဂုတ်လက ခွင့်ပြုခဲ့ပြီး  အဲဒီလို ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up