ထိုင်၀◌မ်

August 22, 2019

ထိုင်ဝမ်ကို လက်နက်ရောင်းမည့် အမေရိကန်ကုမ္ပဏီများအား တရုတ် အရေးယူပိတ်ဆို့မည်

အမေရိကန်က ထိုင်ဝမ်အစိုးရကို လက်နက်ရောင်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့သွားမယ်လို့ တရုတ်အစိုးရက သြဂုတ် ၂၁ ရက်နေ့မှာ ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။  အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အစီအစဉ် မဖျက်သိမ်းပါက နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ရမယ်လို့ တရုတ်က ထပ်လောင်း သတိပေးခဲ့ပါသေးတယ်။  အမေရိကန်ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ F-16 အမျိုးအစား ဂျက်လေယာဉ်တွေ ထိုင်ဝမ် ကို ရောင်းဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပြီးပြီလို့ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးတွဲအေဂျင်စီက သြဂုတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။  လေယာဉ် ၆၆ စီးအပါအဝင် တခြားအင်ဂျင်တွေ၊ နည်းပညာစနစ်တွေကိုလည်း ရောင်းချသွားမယ့် အဲဒီအစီအစဉ်ဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ ကူညီရာ ရောက်တယ်လို့ အေဂျင်စီက ဆက်ပြောပါတယ်။  တရုတ်တနိုင်ငံတည်း မူဝါဒအရ ဘေဂျင်းအစိုးရဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ သင်းကွဲပြည်နယ်တခုဖြစ် သတ်မှတ်ထားတာကြောင့် တခြားနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေးကိုလည်း တားမြစ်ထားပါတယ်။  အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းတာနဲ့ ပတ်သက်လို့ တရုတ်အစိုးရဟာ အရင်ကလည်း ကန့်ကွက်ခဲ့ပါတယ်။  တရုတ်ပြည်မကြီး အစိုးရနဲ့ ထိုင်ဝမ်အကြား စစ်ရေးတင်းမာနေချိန်မှာပဲ ထိုင်ဝမ်ဟာ ၁၀ နှစ်အတွင်း အများဆုံး ကာကွယ်ရေးအသုံးစရိတ် မြှင့်တင့်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ခဲ့ပါတယ်။ ထိုင္ဝမ္ကို လက္နက္ေရာင္းမည့္ အေမရိကန္ကုမၸဏီမ်ားအား တ႐ုတ္ အေရးယူပိတ္ဆို႔မည္ DVB အေမရိကန္က ထိုင္ဝမ္အစိုးရကို လက္နက္ေရာင္းမယ့္ အစီအစဥ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ ကုမၸဏီေတြကို အေရးယူပိတ္ဆို႔သြားမယ္လို႔ တ႐ုတ္အစိုးရက ၾသဂုတ္ ၂၁ ရက္ေန႔မွာ ၿခိမ္းေျခာက္ ေျပာၾကားလိုက္ပါတယ္။ အေမရိကန္အေနနဲ႔ ထိုင္ဝမ္ကို လက္နက္ေရာင္းမယ့္ အစီအစဥ္ မဖ်က္သိမ္းပါက ေနာက္ဆက္တြဲ ျပႆနာေတြကို ရင္ဆိုင္ရမယ္လို႔ တ႐ုတ္က ထပ္ေလာင္း သတိေပးခဲ့ပါေသးတယ္။ အေမရိကန္ေဒၚလာ ၈ ဘီလီယံ တန္ဖိုးရွိတဲ့ F-16 အမ်ိဳးအစား ဂ်က္ေလယာဥ္ေတြ ထိုင္ဝမ္ ကို ေရာင္းဖို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အတည္ျပဳၿပီးၿပီလို႔ ကာကြယ္ေရးနဲ႔ လုံၿခဳံေရး ပူးတြဲေအဂ်င္စီက ၾသဂုတ္ ၂၀ ရက္ေန႔မွာ ေျပာပါတယ္။ ေလယာဥ္ ၆၆ စီးအပါအဝင္ တျခားအင္ဂ်င္ေတြ၊ နည္းပညာစနစ္ေတြကိုလည္း ေရာင္းခ်သြားမယ့္ အဲဒီအစီအစဥ္ဟာ ထိုင္ဝမ္ရဲ႕ ကာကြယ္ေရးစြမ္းရည္ ျမႇင့္တင္ဖို႔ ကူညီရာ ေရာက္တယ္လို႔ ေအဂ်င္စီက ဆက္ေျပာပါတယ္။ တ႐ုတ္တႏိုင္ငံတည္း မူဝါဒအရ ေဘဂ်င္းအစိုးရဟာ ထိုင္ဝမ္ကြၽန္းကို သူတို႔ရဲ႕ သင္းကြဲျပည္နယ္တခုျဖစ္ သတ္မွတ္ထားတာေၾကာင့္ တျခားႏိုင္ငံေတြနဲ႔ သံတမန္ ဆက္ဆံေရးကိုလည္း တားျမစ္ထားပါတယ္။ အေမရိကန္က ထိုင္ဝမ္ကို လက္နက္ေရာင္းတာနဲ႔ ပတ္သက္လို႔ တ႐ုတ္အစိုးရဟာ အရင္ကလည္း ကန႔္ကြက္ခဲ့ပါတယ္။ တ႐ုတ္ျပည္မႀကီး အစိုးရနဲ႔ ထိုင္ဝမ္အၾကား စစ္ေရးတင္းမာေနခ်ိန္မွာပဲ ထိုင္ဝမ္ဟာ ၁၀ ႏွစ္အတြင္း အမ်ားဆုံး ကာကြယ္ေရးအသုံးစရိတ္ ျမႇင့္တင့္မယ့္ အစီအစဥ္ကို ၿပီးခဲ့တဲ့ သီတင္းပတ္က ထုတ္ေဖာ္ခဲ့ပါတယ္။
2 years Ago
Up