ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ

A d v e r t i s e m e n t With Us

October 24, 2019

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာတိုင်းရင်းသူ ၁ ဦးထံမှ စိတ်ကြွဆေး ၁ သိန်းခန့် ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ မြန်မာနယ်စပ် မယ့်အိုင်းမြို့နယ်ထဲမှာ မြန်မာတိုင်းရင်းသူ လားဟူအမျိုးသမီး ၁ ဦးထံမှ စိတ်ကြွဆေးပြားအလုံးရေ ၁ သိန်းလောက် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  မယ်အိုင်းမြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကနေ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိ ကြောင်း သတင်းအရ တိုင်းဒေသ ၅ လက်အောက်ခံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နယ်မြေခံရဲ နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ နယ်မြေထဲမှာ ၅ ရက်တိုင်  ထောက်လှမ်း စောင့်ကြည့်နေခဲ့ကြပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက် ၆ နာရီလောက်မှာတော့ ကျနရွာ အတက်လမ်း တောအုပ်အစပ်မှာ အနက်ရောင် အထုတ်တထုတ်ကို ဖင်ခုပြီးထိုင်နေတဲ့ အမျိုးသမီး ၁ ဦးကို တွေ့ရကြောင်း၊  တာဝန်ရှိသူတွေက သူမအထုတ်ကို စစ်ဆေးခွင့်တောင်းရာမှာ သူမက ပထမထွက်ပြေးဖို့ ကြိုးစားပေမယ့် မလွတ်ဘဲ အထုတ်ကို ဖြေကြည့်ရာ မြွေရေခွံအိတ်နဲ့ထည့်ထားတဲ့ အထုတ်ပေါင်း ၅၀‌ ကို တွေ့ရှိတယ်လို့ တာဝန်ကျရဲက သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါအထုတ်တွေထဲမှာ စိတ်ကြွဆေးပြားအလုံးရေ ၁ သိန်းလောက်ရှိပြီး အမျိုးသမီးကို စစ်ဆေးမေးမြန်းရာမှာ သူမအမည်မှာ နာမီရှီး (အသက် ၄၈ နှစ်) လားဟူလူမျိုးဖြစ်ပြီး မြန်မာဘက်ခြမ်းကနေ ဝင်ရောက်လာကြောင်း၊ သူနဲ့အတူ နောက်ထပ် အမျိုးသား ၁ ဦးလည်း ပါလာပြီး သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။  သူမဟာ ထိုင်းနဲ့ မြန်မာဘက်ခြမ်းကို မကြာခဏ ဝင်ထွက်သွားလာလေ့ရှိပြီး အဆိုပါ စိတ်ကြွဆေးတွေကို ထိုင်းမှာ ၁ ပြားကို ၄ ဘတ်နှုန်းနဲ့ ရောင်းချဖို့ သယ်လာတာဖြစ်ကြောင်း ဝန်ခံထားပါတယ်။  တာဝန်ရှိသူတွေက သူ့ကို မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှုနဲ့ အရေးယူသွားမယ့်အပြင် ဆက်စပ်သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ပြောသွားပါတယ်။ 
1 year Ago

September 17, 2019

ထိုင်း-မြန်မာနယ်စပ်တွင် လားဟူအမျိုးသမီး ၂ ဦးထံက စိတ်ကြွဆေး  ၂ သန်းခွဲ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ဘက်ကနေ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၂ သန်းခွဲကို လားဟူအမျိုးသမီး ၂ ဦးထံက ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။  မဲ့အိုင်းမြို့နယ် ဒွိုင်လဲမ်တောင်ပေါ်ကနေ မူးယစ်ဆေးဝါးသယ်ဆောင်မယ့်သတင်း  ကြိုရထားတဲ့အတွက် မဲ့အိုင်းမြို့နယ်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ အဆိုပါ မူးယစ်ဆေးဝါး ဝင်လာမယ့်လမ်းကြောင်းကို ကိုယ်ရောင်ဖျောက် စောင့်ကြပ်နေခဲ့ပါတယ်။  စက်တင်ဘာ ၁၆ ရက် ည ၉ နာရီလောက်မှာတော့ မဲ့အိုင်းမြို့နယ်နဲ့ ဖန်မြို့နယ်ကြားမှာ ဂုံနီအိတ်နဲ့ထည့်လာတဲ့အထုတ်တွေ တင်ဆောင်လာတဲ့ မီးခိုးရောင် တိုယိုတာကားတစ်စီးကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ပါတယ် စစ်ဆေးရာမှာ အိတ်အလုံးပေါင်း ၁၃ အိတ်ပါလာပြီး အထဲမှာ စိတ်ကြွဆေးပြားတွေထည့်ထားကြောင်း၊ လေးထောင့်ထုတ် အစည်းပေါင်း ၂၅ စည်းရှိပြီး တစ်စီးမှာ စိတ်ကြွဆေး ၁ သိန်းစီပါလာတဲ့အတွက် စုစုပေါင်း စိတ်ကြွဆေး ၂ သန်းခွဲ ဖမ်းဆီးရမိတာလို့  မဲ့အိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဖိချိတ် ကျီရနန်သဆင် က သတင်းထောက်ကို ပြောပါတယ်။  အဆိုပါကားပေါ်မှာ နာရိဆာ နဲ့ နားဒီ ဆိုသူ လားဟူတိုင်းရင်းသူ အမျိုးသမီး ၂ ဦး လိုက်ပါလာပါ။ စစ်ဆေးမေးမြန်းချက်အရ သူတို့ နှစ်ဦးမှာ ချိုင်းပကန်းမြို့နယ်ကဖြစ်ပြီး အွန်လိုင်းပေါ်မှာ သိကျွမ်းခဲ့သူ နိုင်းပူဆိုသူ လားဟူအမျိုးသား ၁ ဦးက သူတို့ ၂ ယောက်ကို မဲ့အိုင်းမှာ အထုတ်တွေလာသယ်ပေးဖို့နဲ့ သယ်ဆောင်ခ ဘတ် ၂ သောင်းပေးမယ်ဆိုလို့ သွားသယ်ခဲ့ကြောင်း သူတို့တာဝန်က မဲ့အိုင်းက အထုပ်တွေကို ချိုင်းပကန်းမြို့ မဲ့ထလုပ်အုပ်စု ပုန်ကျောက်ရွာ အမှိုက်ပုံနားချထားပေးခဲ့ရမှာဖြစ်တယ်လို့ ပြောပါတယ်။  မဲ့အိုင်းမြို့ ဒွိုင်လဲမ်ကျေးရွာမှာ အထုတ်သွားသယ်စဉ် ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား ၁၀ ဦးလောက်က အထုပ်တွေနဲစ့ စောင့်ဆိုင်းနေပြီး ကားပေါ်ကို ဝိုင်းမတင်ပေးတာ ၃ မိနစ်ပဲကြ ကြာတယ်လို့ ပြောပါတယ်။  ရဲတပ်ဖွဲ့က အဆိုပါအမျိုးသမီး ၂ ဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားပြီး ကျန်တဲ့ကွင်းဆက်တွေ ဆက်လက်စစ်ဆေးဖော်ထုတ်သွားမယ်လို့ ပြောသွားပါတယ်။  ဓာပုံ-CM-25.com
ထိုင္း-ျမန္မာနယ္စပ္တြင္ လားဟူအမ်ိဳးသမီး ၂ ဦးထံက စိတ္ႂကြေဆး ၂ သန္းခြဲ ဖမ္းမိ နန္းျမနဒီ ထိုင္း-ျမန္မာနယ္စပ္ ခ်င္းမိုင္ခ႐ိုင္ မဲ့အိုင္းၿမိဳ႕နယ္ဘက္ကေန သယ္ေဆာင္လာတဲ့ စိတ္ႂကြေဆးျပား ၂ သန္းခြဲကို လားဟူအမ်ိဳးသမီး ၂ ဦးထံက ဖမ္းဆီးရမိတယ္လို႔ ခ်င္းမိုင္ေဒသတြင္း သတင္းမွာ ေဖာ္ျပပါတယ္။ မဲ့အိုင္းၿမိဳ႕နယ္ ဒြိဳင္လဲမ္ေတာင္ေပၚကေန မူးယစ္ေဆးဝါးသယ္ေဆာင္မယ့္သတင္း ႀကိဳရထားတဲ့အတြက္ မဲ့အိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕နဲ႔ တာဝန္ရွိသူေတြဟာ အဆိုပါ မူးယစ္ေဆးဝါး ဝင္လာမယ့္လမ္းေၾကာင္းကို ကိုယ္ေရာင္ေဖ်ာက္ ေစာင့္ၾကပ္ေနခဲ့ပါတယ္။ စက္တင္ဘာ ၁၆ ရက္ ည ၉ နာရီေလာက္မွာေတာ့ မဲ့အိုင္းၿမိဳ႕နယ္နဲ႔ ဖန္ၿမိဳ႕နယ္ၾကားမွာ ဂုံနီအိတ္နဲ႔ထည့္လာတဲ့အထုတ္ေတြ တင္ေဆာင္လာတဲ့ မီးခိုးေရာင္ တိုယိုတာကားတစ္စီးကို ရဲတပ္ဖြဲ႕က တားဆီးစစ္ေဆးခဲ့ပါတယ္ စစ္ေဆးရာမွာ အိတ္အလုံးေပါင္း ၁၃ အိတ္ပါလာၿပီး အထဲမွာ စိတ္ႂကြေဆးျပားေတြထည့္ထားေၾကာင္း၊ ေလးေထာင့္ထုတ္ အစည္းေပါင္း ၂၅ စည္းရွိၿပီး တစ္စီးမွာ စိတ္ႂကြေဆး ၁ သိန္းစီပါလာတဲ့အတြက္ စုစုေပါင္း စိတ္ႂကြေဆး ၂ သန္းခြဲ ဖမ္းဆီးရမိတာလို႔ မဲ့အိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဒုရဲမႉး ဖိခ်ိတ္ က်ီရနန္သဆင္ က သတင္းေထာက္ကို ေျပာပါတယ္။ အဆိုပါကားေပၚမွာ နာရိဆာ နဲ႔ နားဒီ ဆိုသူ လားဟူတိုင္းရင္းသူ အမ်ိဳးသမီး ၂ ဦး လိုက္ပါလာပါ။ စစ္ေဆးေမးျမန္းခ်က္အရ သူတို႔ ႏွစ္ဦးမွာ ခ်ိဳင္းပကန္းၿမိဳ႕နယ္ကျဖစ္ၿပီး အြန္လိုင္းေပၚမွာ သိကြၽမ္းခဲ့သူ ႏိုင္းပူဆိုသူ လားဟူအမ်ိဳးသား ၁ ဦးက သူတို႔ ၂ ေယာက္ကို မဲ့အိုင္းမွာ အထုတ္ေတြလာသယ္ေပးဖို႔နဲ႔ သယ္ေဆာင္ခ ဘတ္ ၂ ေသာင္းေပးမယ္ဆိုလို႔ သြားသယ္ခဲ့ေၾကာင္း သူတို႔တာဝန္က မဲ့အိုင္းက အထုပ္ေတြကို ခ်ိဳင္းပကန္းၿမိဳ႕ မဲ့ထလုပ္အုပ္စု ပုန္ေက်ာက္႐ြာ အမႈိက္ပုံနားခ်ထားေပးခဲ့ရမွာျဖစ္တယ္လို႔ ေျပာပါတယ္။ မဲ့အိုင္းၿမိဳ႕ ဒြိဳင္လဲမ္ေက်း႐ြာမွာ အထုတ္သြားသယ္စဥ္ ဦးထုပ္ေဆာင္းထားတဲ့ အမ်ိဳးသား ၁၀ ဦးေလာက္က အထုပ္ေတြနဲစ့ ေစာင့္ဆိုင္းေနၿပီး ကားေပၚကို ဝိုင္းမတင္ေပးတာ ၃ မိနစ္ပဲၾက ၾကာတယ္လို႔ ေျပာပါတယ္။ ရဲတပ္ဖြဲ႕က အဆိုပါအမ်ိဳးသမီး ၂ ဦးကို မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ ဖမ္းဆီးထားၿပီး က်န္တဲ့ကြင္းဆက္ေတြ ဆက္လက္စစ္ေဆးေဖာ္ထုတ္သြားမယ္လို႔ ေျပာသြားပါတယ္။ ဓာပုံ-CM-25.com
1 year Ago
Up