ထိုင်းအသင်

August 2, 2019

မြန်မာ ယူ ၁၂ အသင်းနှင့် ထိုင်းအသင်းတို့ သြဂုတ် ၃ ရက်နေ့ ယှဉ်ပြိုင်ကစားမည်

တရုတ်-အာဆီယံ ချစ်ကြည်ရေး ယူ၁၂ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ ၁၂ အသင်းနဲ့ ထိုင်းအသင်းတို့ သြဂုတ် ၃ ရက်နေ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ တရုတ်-အာဆီယံ နိုင်ငံများ ယဉ်ကျေးမှု ဖလှယ်ရေးနဲ့ ချစ်ကြည်ရေးနှီးရေး အစီအစဉ်အရ တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖိတ်ခေါ်ကျင်းပတဲ့ တရုတ်-အာဆီယံ ယူ၁၂ ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင် ကစားဖို့ မြန်မာ ယူ၁၂ အသင်းဟာ မနေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ ဟန်ဇူးမြို့ကို ရောက်ရှိခဲ့တာပါ။ Soong Ching Ling Cup 2019 အမည်နဲ့ ကျင်းပမယ့် အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး တရုတ်နဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေက ကစားသမားတွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း ၂၄၀ ကျော် ပါဝင်ဆင်နွှဲကြမှာပါ။ မြန်မာ ယူ၁၂ အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီ သင်တန်းသားတွေနဲ့ စုစည်းပြီး မန္တလေးမြို့ရှိ မြန်မာ ဘောလုံးအကယ်ဒမီမှ ကျောင်းအုပ်ကြီး ဦးစိုးညွန့်က အသင်းအုပ်ချုပ်သူ အဖြစ်ဦးဆောင်ကာ နည်းပြ ဦးညီညီထွန်း၊ ဦးကျော်ဇော၊ ကစားသမား ၁၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုခွဲဝေမှုအရ မြန်မာအသင်းဟာ အုပ်စု(ခ) မှာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အသင်းတွေနဲ့အတူ ကျရောက်နေပြီး သြဂုတ် ၃ ရက်န့မှာ အဖွင့်ပွဲစဉ်အဖြစ် ထိုင်း အသင်းနဲ့ စတင်ယှဉ်ပြိုင် ကစားရမှာပါ။ အုပ်စုခွဲဝေမှုနဲ့ မြန်မာအသင်း ပွဲစဉ်များ အုပ်စု(က) တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ လာအို အုပ်စု(ခ) ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား   မြန်မာ ယူ၁၂ ပွဲစဉ်များ သြဂုတ်(၃) ထိုင်း နှင့် မြန်မာ ( 8:00 AM - MMT) သြဂုတ်(၃) ကမ္ဘောဒီးယား နှင့် မြန်မာ ( 3:30 PM - MMT) သြဂုတ်(၄) မြန်မာ နှင့် ဗီယက်နမ် ( 3:30 PM - MMT) သြဂုတ်(၅) မြန်မာ နှင့် အင်ဒိုနီးရှား ( 8:00 PM - MMT) သြဂုတ်(၆) ဆီမီးဖိုင်နယ် ပွဲစဉ်(၁) ( 8:00 PM - MMT) သြဂုတ်(၆) ဆီမီးဖိုင်နယ် ပွဲစဉ်(၂) ( 8:00 PM - MMT) သြဂုတ်(၆) တတိယ နေရာလုပွဲ ( 2:30 PM - MMT) သြဂုတ်(၆) ဗိုလ်လုပွဲ ( 3:30 PM - MMT)
Zawgyi Version ျမန္မာ ယူ ၁၂ အသင္းႏွင့္ ထိုင္းအသင္းတို႔ ၾသဂုတ္ ၃ ရက္ေန႔ ယွဥ္ၿပိဳင္ကစားမည္ DVB တ႐ုတ္-အာဆီယံ ခ်စ္ၾကည္ေရး ယူ၁၂ ေဘာလုံးၿပိဳင္ပြဲ အဖြင့္ပြဲစဥ္အျဖစ္ ျမန္မာ ယူ ၁၂ အသင္းနဲ႔ ထိုင္းအသင္းတို႔ ၾသဂုတ္ ၃ ရက္ေန႔ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။ တ႐ုတ္-အာဆီယံ ႏိုင္ငံမ်ား ယဥ္ေက်းမႈ ဖလွယ္ေရးနဲ႔ ခ်စ္ၾကည္ေရးႏွီးေရး အစီအစဥ္အရ တ႐ုတ္ႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က ဖိတ္ေခၚက်င္းပတဲ့ တ႐ုတ္-အာဆီယံ ယူ၁၂ ေဘာလုံး ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ ကစားဖို႔ ျမန္မာ ယူ၁၂ အသင္းဟာ မေန႔ မြန္းလြဲပိုင္းက တ႐ုတ္ႏိုင္ငံ ဟန္ဇူးၿမိဳ႕ကို ေရာက္ရွိခဲ့တာပါ။ Soong Ching Ling Cup 2019 အမည္နဲ႔ က်င္းပမယ့္ အဆိုပါ ဖိတ္ေခၚၿပိဳင္ပြဲကို ၾသဂုတ္ ၁ ရက္ေန႔မွ ၈ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး တ႐ုတ္နဲ႔ အာဆီယံေဒသတြင္း ႏိုင္ငံေတြက ကစားသမားေတြနဲ႔ တာဝန္ရွိသူေတြ စုစုေပါင္း ၂၄၀ ေက်ာ္ ပါဝင္ဆင္ႏႊဲၾကမွာပါ။ ျမန္မာ ယူ၁၂ အသင္းကို ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ အကယ္ဒမီ သင္တန္းသားေတြနဲ႔ စုစည္းၿပီး မႏၲေလးၿမိဳ႕ရွိ ျမန္မာ ေဘာလုံးအကယ္ဒမီမွ ေက်ာင္းအုပ္ႀကီး ဦးစိုးၫြန႔္က အသင္းအုပ္ခ်ဳပ္သူ အျဖစ္ဦးေဆာင္ကာ နည္းျပ ဦးညီညီထြန္း၊ ဦးေက်ာ္ေဇာ၊ ကစားသမား ၁၅ ဦး၊ စုစုေပါင္း ၁၈ ဦးတို႔ ပါဝင္ယွဥ္ၿပိဳင္ၾကမယ္လို႔ ေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားပါတယ္။ ဖိတ္ေခၚၿပိဳင္ပြဲ အုပ္စုခြဲေဝမႈအရ ျမန္မာအသင္းဟာ အုပ္စု(ခ) မွာ ဗီယက္နမ္၊ ထိုင္း၊ အင္ဒိုနီးရွား၊ ကေမာၻဒီးယား အသင္းေတြနဲ႔အတူ က်ေရာက္ေနၿပီး ၾသဂုတ္ ၃ ရက္န႔မွာ အဖြင့္ပြဲစဥ္အျဖစ္ ထိုင္း အသင္းနဲ႔ စတင္ယွဥ္ၿပိဳင္ ကစားရမွာပါ။ အုပ္စုခြဲေဝမႈနဲ႔ ျမန္မာအသင္း ပြဲစဥ္မ်ား အုပ္စု(က) တ႐ုတ္၊ ဖိလစ္ပိုင္၊ မေလးရွား၊ စင္ကာပူ၊ လာအို အုပ္စု(ခ) ဗီယက္နမ္၊ ထိုင္း၊ ျမန္မာ၊ အင္ဒိုနီးရွား၊ ကေမာၻဒီးယား ျမန္မာ ယူ၁၂ ပြဲစဥ္မ်ား ၾသဂုတ္(၃) ထိုင္း ႏွင့္ ျမန္မာ ( 8:00 AM - MMT) ၾသဂုတ္(၃) ကေမာၻဒီးယား ႏွင့္ ျမန္မာ ( 3:30 PM - MMT) ၾသဂုတ္(၄) ျမန္မာ ႏွင့္ ဗီယက္နမ္ ( 3:30 PM - MMT) ၾသဂုတ္(၅) ျမန္မာ ႏွင့္ အင္ဒိုနီးရွား ( 8:00 PM - MMT) ၾသဂုတ္(၆) ဆီမီးဖိုင္နယ္ ပြဲစဥ္(၁) ( 8:00 PM - MMT) ၾသဂုတ္(၆) ဆီမီးဖိုင္နယ္ ပြဲစဥ္(၂) ( 8:00 PM - MMT) ၾသဂုတ္(၆) တတိယ ေနရာလုပြဲ ( 2:30 PM - MMT) ၾသဂုတ္(၆) ဗိုလ္လုပြဲ ( 3:30 PM - MMT)
2 years Ago
Up