ထိုင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

August 3, 2019

ထိုင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အိမ်အနီး ဗုံးလန့်မှုဖြစ်

ထိုင်းတောင်ပိုင်း တရန်းခရိုင်ရှိ ထိုင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ချွန်းလီဖိုင်းအိမ်အနီးမှာ ဗုံးလန့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လ ၂ ရက်က ဘန်ကောက်မြို့ နေရာပေါင်း ၄ ခုမှာ အသေးစားဗုံးပေါက်မှုတွေဖြစ်ပွားပြီးတဲ့နောက် လုံခြုံရေးတိုးမြင့်ချထားစဉ်အတွင်း ထိုင်းတောင်ပိုင်း တရန်းခရိုင် တရန်းမြို့ပေါ်မှာလည်း ဗုံးလန့်မှုဖြစ်ပွါးခဲ့ပါတယ်။ တရန်းမြို့ မြုနီစီပါယ်နယ်မြေ ဝိဆစ်ကွန်းလမ်းမပေါ်ရှိ Upbrain ကျူရှင်ကျောင်းကျောင်းရှေ့ ခရေပင်အောက်မှာ မသင်္ကာဘွယ်ပစ္စည်း တခုတွေ့ရှိကြောင်း ကျူရှင်ကျောင်းတာဝန်ခံက လှမ်းပြီးအကြောင်းကြားတဲ့အတွက် တာဝန်ရှိရဲ တပ်ဖွဲ့ဝင်နဲ့ မိုင်းရှင်းရေးအဖွဲ့ဟာ အဆိုပါနေရာတဝိုက်ကို ကန့်သတ်ပြီး စစ်ဆေးမှုတွေ ပြုခဲ့ပါတယ်။ ကျောင်းတာဝန်ခံက အဆိုပါအထုတ်ကို ယမန်နေ့ကတည်းက တွေ့ရှိတာဖြစ်ကြောင်ေ၊ ဒီကနေ့မနက် ဘန်ကောက်မှာ ဗုံးပေါက်တဲ့သတင်းတွေကြားတော့မှ စိုးရိမ်မကင်းဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ လာရောက်စစ်ဆေးပေးဖို့ အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ အဆိုပါနေရာဟာ ထိုင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ချွန်းလီဖိုင်း ရဲ့နေအိမ်နဲ့လည်း မီတာ ၈၀၀ ခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက အဆိုပါနေရာကို ၁၅ မိနစ်ခန့် စစ်ဆေးမှုတွေ ပြုရာမှာ ပလတ်စတစ်အမည်းရောင်ထဲမှာ အထုတ်တထုတ်ထပ်တွေ့ပြီး အဆိုပါအထုတ်ထဲမှာတော့ အချိုရည်ပုလင်းလွတ်တလုံးသာရှိကြောင်း၊  ပုလင်းကို အိတ်ထဲထည့်ပြီး ကြိုးနဲ့ချည်ထားတဲ့ပုလင်းအဖုံးကိုတော့ အပြင်မှာဖော်ထားတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက အထုတ်လာထားသူကို စုံစမ်းဖော်ထုတ်စစ်ဆေးသွားမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ဆောင်မှုဟာ အခြေအနေတည်ငြိမ်မှုမရှိအောင်ဖန်တီး ခြင်းဖြစ်တယ်လို့ တရန်းခရိုင် ရဲမှူးကြီး နုကွန်း ကလိုင်းထောင်န်းက သုံးသပ်ပြောဆိုပါတယ်။ အဆိုပါနေရာကို စစ်ဆေးစဉ်အတွင်း တာဝန်ရှိသူတွေက ကြိုးဝိုင်းနဲ့ကန့်သတ်ထားတဲ့အတွက် တရန်းပြည်သူတွေကြား အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။  
ထိုင္းအမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ အိမ္အနီး ဗုံးလန႔္မႈျဖစ္ DVB ထိုင္းေတာင္ပိုင္း တရန္းခ႐ိုင္ရွိ ထိုင္းအမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ခြၽန္းလီဖိုင္းအိမ္အနီးမွာ ဗုံးလန႔္မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ၾသဂုတ္လ ၂ ရက္က ဘန္ေကာက္ၿမိဳ႕ ေနရာေပါင္း ၄ ခုမွာ အေသးစားဗုံးေပါက္မႈေတြျဖစ္ပြားၿပီးတဲ့ေနာက္ လုံၿခဳံေရးတိုးျမင့္ခ်ထားစဥ္အတြင္း ထိုင္းေတာင္ပိုင္း တရန္းခ႐ိုင္ တရန္းၿမိဳ႕ေပၚမွာလည္း ဗုံးလန႔္မႈျဖစ္ပြါးခဲ့ပါတယ္။ တရန္းၿမိဳ႕ ျမဳနီစီပါယ္နယ္ေျမ ဝိဆစ္ကြန္းလမ္းမေပၚရွိ Upbrain က်ဴရွင္ေက်ာင္းေက်ာင္းေရွ႕ ခေရပင္ေအာက္မွာ မသကၤာဘြယ္ပစၥည္း တခုေတြ႕ရွိေၾကာင္း က်ဴရွင္ေက်ာင္းတာဝန္ခံက လွမ္းၿပီးအေၾကာင္းၾကားတဲ့အတြက္ တာဝန္ရွိရဲ တပ္ဖြဲ႕ဝင္နဲ႔ မိုင္းရွင္းေရးအဖြဲ႕ဟာ အဆိုပါေနရာတဝိုက္ကို ကန႔္သတ္ၿပီး စစ္ေဆးမႈေတြ ျပဳခဲ့ပါတယ္။ ေက်ာင္းတာဝန္ခံက အဆိုပါအထုတ္ကို ယမန္ေန႔ကတည္းက ေတြ႕ရွိတာျဖစ္ေၾကာင္ေ၊ ဒီကေန႔မနက္ ဘန္ေကာက္မွာ ဗုံးေပါက္တဲ့သတင္းေတြၾကားေတာ့မွ စိုးရိမ္မကင္းျဖစ္ၿပီး တာဝန္ရွိသူေတြအေနနဲ႔ လာေရာက္စစ္ေဆးေပးဖို႔ အေၾကာင္းၾကားလိုက္တာလို႔ ဆိုပါတယ္။ အဆိုပါေနရာဟာ ထိုင္းျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ခြၽန္းလီဖိုင္း ရဲ႕ေနအိမ္နဲ႔လည္း မီတာ ၈၀၀ ခန႔္သာ ကြာေဝးတယ္လို႔ ဆိုပါတယ္။ တာဝန္ရွိသူေတြက အဆိုပါေနရာကို ၁၅ မိနစ္ခန႔္ စစ္ေဆးမႈေတြ ျပဳရာမွာ ပလတ္စတစ္အမည္းေရာင္ထဲမွာ အထုတ္တထုတ္ထပ္ေတြ႕ၿပီး အဆိုပါအထုတ္ထဲမွာေတာ့ အခ်ိဳရည္ပုလင္းလြတ္တလုံးသာရွိေၾကာင္း၊  ပုလင္းကို အိတ္ထဲထည့္ၿပီး ႀကိဳးနဲ႔ခ်ည္ထားတဲ့ပုလင္းအဖုံးကိုေတာ့ အျပင္မွာေဖာ္ထားတာလို႔ ဆိုပါတယ္။ တာဝန္ရွိသူေတြက အထုတ္လာထားသူကို စုံစမ္းေဖာ္ထုတ္စစ္ေဆးသြားမွာျဖစ္ေၾကာင္း၊ ဒီလိုလုပ္ေဆာင္မႈဟာ အေျခအေနတည္ၿငိမ္မႈမရွိေအာင္ဖန္တီး ျခင္းျဖစ္တယ္လို႔ တရန္းခ႐ိုင္ ရဲမႉးႀကီး ႏုကြန္း ကလိုင္းေထာင္န္းက သုံးသပ္ေျပာဆိုပါတယ္။ အဆိုပါေနရာကို စစ္ေဆးစဥ္အတြင္း တာဝန္ရွိသူေတြက ႀကိဳးဝိုင္းနဲ႔ကန႔္သတ္ထားတဲ့အတြက္ တရန္းျပည္သူေတြၾကား အထိတ္တလန႔္ျဖစ္ခဲ့ၾကပါတယ္။  
2 years Ago
Up