ဘုရင်စနစ်ကို ထိခိုက်နိုင်တဲ့ ဖွဲ့စည်းပုံပြင်ရေး အဆိုပြုချက်ကို ထိုင်းလွှတ်တော်အမတ်တွေ က နိုဝင်ဘာ ၁၈ ရက်မှာ ပယ်ချလိုက်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ဖို့ နည်းလမ်း ၇ သွယ်ကို လွှတ်တော်အမတ်တွေက ထောက်ခံခဲ့ပါတယ်။
ဇူလိုင်လကစလို့ မြို့တော်ဘန်ကောက်မှာ ဝန်ကြီးချုပ် ချန်အိုချာကို ရာထူးက ဖယ်ရှားရေး နဲ့ ဘုရင့်အာဏာကန့်သတ်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။
ဘုရင်စနစ်ကို မထိခိုက်စေဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးခွင့်ပြုတဲ့ အဆိုပြုချက် နှစ်ရပ်ကိုတော့ လွှတ်တော်က လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ iLaw က တင်သွင်းတဲ့ အဆိုပြုချက်ကတော့ ဆွေးနွေးဖို့ လိုအပ်တဲ့ သတ်မှတ်အဆင့်ကို မပြည့်မီခဲ့ပါဘူး။ အကြောင်းကတော့ ဝန်ကြီးချုပ် ချန်အိုချာ ထောက်ခံသူတွေက လွှတ်တော်ထဲမှာ နေရာအများစု ရထားလို့ပါ။
အထက်လွှတ်တော်တခုလုံးကို ချန်အိုချာ ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေက ခန့်အပ်ထားတာဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago