ထိုင်းအထက်တန်းကျောင်းသား

November 22, 2020

ဒိုင်နိုဆောအစိုးရဖယ်ရှားရေး ထိုင်းအထက်တန်းကျောင်းသားများ ဆန္ဒပြ

နိုဝင်ဘာ ၂၁ ရက်ကလုပ်တဲ့ ထိုင်းအထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲမှာ  ဒိုင်ဆိုဆောရုပ်တွေက နေရာယူထားပါတယ်။   ဆန္ဒပြကျောင်းသားတွေက ပညာရေး ပြုပြင်ပြောင်းလဲဖို့၊ ဒိုင်နိုဆော အစိုးရကို ဖယ်ရှားဖို့နဲ့ ဘုရင်စနစ်ရဲ့ အခွင့်အာဏာတွေကို ကန့်သတ်ဖို့ တောင်းဆိုခဲ့ပါတယ်။  ဒိုင်နိုဆော အစိုးရဆိုတာကတော့ ခေတ်နောက်ကျတဲ့ အစိုးရလို့ ဆိုလိုပါတယ်။  #ByeBye Dinosaurs လို့ နာမည်ပေးထားတဲ့ ဒီဆန္ဒပြပွဲမှာ လူပေါင်း ထောင်ချီ ပါဝင်ခဲ့ပါတယ်။  နိုဝင်ဘာ ၁၉ ရက်မှာ ဝန်ကြီးချုပ် ပရာယွန်ချန်အိုချာက အစိုးရအပေါ်  အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာတဲ့ ဆန္ဒပြသူတွေကို  ဥပဒေနဲ့ နှိမ်နင်းမယ်လို့ ပြောဆိုပြီးကတည်းက  ပထမဆုံး လူစုဝေးပွဲကြီးဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပါတယ်။  နိုဝင်ဘာ ၂၀ ရက်မှာ ကျောင်းသားဆိုးများအဖွဲ့က ဆယ်ကျော်သက်ခေါင်းဆောင် နှစ်ယောက်ကို  တရားရုံးက ဆင့်ခေါ်ထားပေမဲ့လည်း   ဆန္ဒပြပွဲကို ဆက်လုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။  ဇူလိုင်လက စတင်ခဲ့တဲ့ ထိုင်းဆန္ဒပြပွဲတွေမှာ  အဓိက ၃ ချက်ကို တောင်းဆိုခဲ့ပါတယ်။  အဲဒါတွေကတော့ စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ချန်အိုချာကို ရာထူးက ဖယ်ရှားရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ပြဋ္ဌာန်းရေးနဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးတို့ပဲ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
5 months Ago
Up