ထိုင်းသူနာပြုများ

February 25, 2020

ထိုင်းသူနာပြုများ မြူးမြူးကြွကြွ ပညာပေးသီဆိုထားသည့် ကိုရိုနာဗိုင်းရပ်စ်သီချင်း (ရုပ်သံ)

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) ထိုင်းဘာသာစကားနဲ့ မြူးမြူးကြွကြွ သီဆိုသရုပ်ပြထားကြတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး သီချင်းတပုဒ်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ‘သင်တို့ရဲ့လက်တွေကို ခရိုင်တိုင်းမှာ ဆေးကြောပါ’လို့ အမည်ရတဲ့ ဒီသီချင်းကို သီဆို သရုပ်ပြခဲ့ကြသူတွေကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ဖရေးဆေးရုံမှ ဆရာဝန်တွေနဲ့ သူနာပြုတွေ ဖြစ်ကြတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကာကွယ်နိုင်ဖို့ ရေးစပ်သီဆိုထားတဲ့ ဒီသီချင်းစာသားတွေထဲမှာတော့ နှာခေါင်းစည်း၊ မျက်နှာဖုံး တပ်ဆင်သွားလာအသုံးပြုမှုက ဘယ်လောက် အရေးကြီးကြောင်း၊ သန့်ရှင်းမှု လိုအပ်ကြောင်းတွေ ပါဝင်နေခဲ့ပြီး ဆရာဝန်နဲ့ သူနာပြုတွေဟာ ဆေးရုံပြင်ပမှာ သွက်လက် လှုပ်ရှားကခုန်ပြီး သရုပ်ဖော်ထားခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ထိုင်းပြည်သူတွေကြားမှာ ချီးကျူးမှုတွေနဲ့အတူ နာမည်ကြီးနေပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ သိန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up