ထိုင်းဝယ်ယူ

September 30, 2021

အမေရိကန်ထုတ် Pfizer ကိုဗစ်ကာကွယ်ဆေးသန်း ၃၀ ထိုင်းဝယ်ယူ၊ ကနဦး ၂ သန်းရောက်ရှိ

ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံထုတ် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ဝယ်ယူထားပြီး ကနဦး ၂ သန်းရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ လေကြောင်းကတဆင့် ရောက်ရှိလာတဲ့ ဒီကာကွယ် ဆေးတွေကိုတော့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်းဗီရာကူလ်က လက်ခံရ ယူခဲ့ပြီး ဒီဆေးတွေထဲက တချို့ကိုတော့ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား ကျောင်း သားကျောင်းသူတွေကို ထိုးနှံပေးသွားဖို့ ရှိနေတာပါ။

နောက်ထပ် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်းကတော့ ထိုင်းနိုင်ငံဆီ လာမယ့် အောက်တိုဘာလထဲမှာ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအ တွက် ၁ ဒသမ ၆ သန်းနီးပါးနဲ့ သေဆုံးသူ ၁၆,၀၀၀ ကျော် ရှိနေတာဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၃၃ ဒသမ ၇၃ သန်း ကျော်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၄ ဒသမ ၇၈ သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

1 year Ago
Up