ထိုင်းရဲ

February 15, 2021

ဆန္ဒပြပွဲတွင်း ဆေးဘက်စေတနာ့ဝန်ထမ်းကို တိုက်ခိုက်ခဲ့သည့် ထိုင်းရဲများကို အရေးယူမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေ ဆန္ဒပြပွဲအတွင်း ဆေးဘက်စေတနာ့ဝန်ထမ်းတဦးကို တိုက်ခိုက်ခဲ့တဲ့ ရဲတွေကို အရေးယူ သွားဖို့ ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

    အဆိုပါဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့ စနေနေ့ညပိုင်းက ဆာန်လူအန်ရင်ပြင်အနီး တရားရုံး ချုပ်ပြင်ပမှာ ဖြစ်ခဲ့တာဖြစ်ပြီး တက်ကြွလှုပ်ရှားသူ ၈ ဦးဖမ်းဆီးခံခဲ့ရကာ အယောက် ၂၀ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

    မက်ထရိုပိုလီတန်ရဲဗျူရို အကြီးအကဲ ဖူဖုန် ဖုန်ပေထရာကတော့ တိုက်ခိုက်ခံရသူ ဟာ ကျွမ်းကျင်ဆေးဘက်ဆိုင်ရာဝန်ထမ်းတယောက်မဟုတ်ဘဲ အဆိုပါအဖွဲ့ထဲက ရှေးဦး သူနာပြုစေတနာ့ဝန်ထမ်းတဦးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ထိုင်းကျေးလက်ဆရာဝန်များအဖွဲ့က ဒါဟာ လူ့အ ခွင့်အရေးချိုးဖောက်မှုအဖြစ် ပြစ်တင်ရှုံချခဲ့ကြပြီး တရားဝင်ဖြေရှင်းချက်ထုတ်ပြန်ပေးဖို့၊ ပါဝင်တဲ့ ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာပါ။   

    အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဗီဒီယိုကလစ်တခုမှာတော့ ရဲတွေဟာ အဓိက ရုန်းဖြစ်နေချိန်အတွင်း အဆိုပါ ဆေးဘက်စေတနာ့ဝန်ထမ်းအမျိုးသားနောက်ကို လိုက်ခဲ့ ကြပြီး တုတ်နဲ့ တကြိမ်ထက်မနည်းရိုက်နှက်ခဲ့ကြလို့ မြေပြင်ပေါ်မှာ လဲကျသွားခဲ့တာကို တွေ့ရပါတယ်။

    နောက်ထပ် ပျံ့နှံ့နေတဲ့ ရုပ်သံတွေထဲမှာတော့ အခင်းဖြစ်တဲ့ နေရာနားမှာ အစိမ်း ရောင်ဝတ်စုံနဲ့ ဆေးဘက်ပရဟိတဝန်ထမ်းအမျိုးသားတဦးနားမှာ ရဲတွေက ဝိုင်းရံထားခဲ့ တာကို တွေ့ရပြီး #policebeatingmedic ဆိုတဲ့ ဟက်ရှ်တက်ဂ်နဲ့အတူ တွစ်တာလူမှုကွန် ရက်ပေါ် ထိုင်းဘာသာနဲ့ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

    ရဲတပ်ဖွဲ့အကြီးအကဲ ဖူဖုန်ကတော့ ရဲဝန်ထမ်းတွေဘက်က ကာကွယ်ပြောဆိုထား ပြီး အခင်းဖြစ်တဲ့ နေရာမှာ သူကိုယ်တိုင်လည်းရှိနေပြီး သက်ဆိုင်ရာက ဆန္ဒပြအုပ်စုတွေ ကို လူစုခွဲဖို့ သတိပေးနေတဲ့ကြားက ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    ဆန္ဒပြပွဲမှာ ခေါင်းဆောင်တွေက အဆုံးသတ်လိုက်ဖို့ ပြောနေပေမယ့် တချို့က နာ ရီဝက်ကျော်ကြာအောင် ဆက်လက်ပြီးတော့ ဆန္ဒပြနေကြဆဲဖြစ်တာမို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတာလို့ သူက ပြောပါတယ်။

    ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ သေနတ်တွေကို မိုးပေါ်ထောင်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖူဖုန်က ရဲတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေ ဒါမှမဟုတ် ရာဘာ ကျည်တွေကို အသုံးပြုခွင့် အမိန့်ထုတ်ထားခဲ့တာမျိုးမရှိဘူးလို့ ပြောပါတယ်။

    လတ်တလောမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် နေဆဲဖြစ်ကာ ထိုင်းဆေးပညာကောင်စီကလည်း ဆန္ဒပြပွဲတွေမှာ ရဲတွေအနေနဲ့ ဆေး ဘက်ဆိုင်ရာအဖွဲ့တွေကို ပစ်မှတ်မထားကြဖို့ ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းထားပါ တယ်။

3 months Ago

August 31, 2020

တရားမဝင်မြန်မာများ စီးလာသည့်ယာဉ် တိုက်မှုကြောင့် ထိုင်းရဲ ၁ ဦးနှင့် ၄ ဦး ဒဏ်ရာရ 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ ဩဂုတ် ၂၉ ရက်နေ့မနက်က တရားမဝင် မြန်မာနိုင်ငံသားတွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တစီး မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားတာကြောင့် ထိုင်းလဝက ရဲဝန်ထမ်း ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။  ကားပေါ်မှာ ထိုင်းကို အလုပ်လာလုပ်မဲ့ မြန်မာ ၁၃ ဦးလိုက်ပါလာကာ မယ်လမတ်နား အရောက် စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ရင်း ယာဉ်မတော်တဆဖြစ်ခဲ့တာလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့ဆီကို နယ်မြေထဲကနေ သတင်းပို့လာတာကတော့ ဒဏ်ရာရသူက ၄ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်လို့ပြောတယ်။ မြန်မာပြည် ပဲခူးတိုင်းလည်း ပါတယ်၊ မွန်ပြည်နယ်ကလည်းပါတယ်။ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားအဆက်အသွယ်နဲ့ ဝင်လာတာ။ မဲဆောက်ရဲ့ မြောက်ဘက်မှာရှိတဲ့ မယ်လမတ်မြို့နယ် ၂ ရပ်ကွက်ထဲမှာ လုံခြုံရေးရဲတွေနဲ့ တွေ့တော့ သူတို့က ကွင်းရှောင်ပြီး သွားရင်းနဲ့ လမ်းဘေးကကားကို ဝင်တိုက်ပြီး ဒဏ်ရာရတာ ဖြစ်တယ်။ ၁ ယောက်ဒဏ်ရာပြင်းထန်တယ်ပြောတယ်၊  သွားတော့ မကြည့်ဖြစ်ပါဘူးခင်ဗျာ။ ” ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရတ်သတင်းထဲမှာတော့ မြန်မာတွေပါလာတဲ့ကားက ဝင်တိုက်မိတဲ့ ကားဟာ တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး ဝမ်းချိုင်း ဆိန်လော်ရဲ့ အနက်ရောင် တိုယိုတာ ဟိုင်းလပ်စ်ကားဖြစ်ပြီး လမ်းဘေးမှာရပ်ထားစဉ် အတိုက်ခံရတာတာကြောင့် ရဲတပ်ကြပ်ကြီးမှာလည်း ဒဏ်ရာအနည်းငယ်ရသွားတယ်လို့ ဆိုပါတယ်။  ဒီမတိုင်ခင်က မြန်မာနိုင်ငံထဲမှာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုအရှိန်မြင့်လာတဲ့အတွက် ထိုင်းနယ်စပ်တလျှောက်လုံး လုံခြုံရေးတင်းကြပ်ဖို့ ထိုင်းအမျိုးသားလုံခြုံရ်းထောက်ကူပြု စစ်ဌာနချုပ်က အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် တာ့ခ်ခရိုင်ရှိ မဲဆောက်၊ မယ်လမတ်၊ အုန်းဖျံ၊ ထာ့ဆောင်ယန်း၊ ဖုပ်ဖရစတဲ့ မြို့နယ် ၅ ခုထဲမှာ ရဲ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေပါတဲ့ ပူးပေါင်းအဖွဲ့က လုံခြုံရေး စောင့်ကြပ်နေခဲ့ကြောင်း၊ ၂၉ ရက်နေ့ မနက်စောစောက သောင်ရင်းမြစ်ကမ်းဘက်ကနေ မယ်လမတ်မြို့နယ် ဘန့်နမ့်တိပ်ဘက်ကို ကား ၁ စီး ဝင်ရောက်လာခဲ့ကြောင်း၊ ပထမ ၁ စီးဟာ တာဝန်ရှိသူတွေ လမ်းပေါ်ထွက်မလာခင် အရှိန်နဲ့မောင်းပြေးသွားပြီး နောက်ထပ် တစီးရောက်လာကြောင်း၊ အဲဒီ တစ်စီးကလည်း စစ်ဆေးရေးအဖွဲ့ကိုမြင်တော့ လန့်ဖြတ်ပြီး လမ်းဘေးမှာ ရပ်ထားတဲ့ကားကို ဝင်တိုက်တာလို့ ဆိုပါတယ်။  ယာဉ်မောင်းသူကတော့ အသက် ၃၀ နှစ်ရွယ် ထိုင်းအမျိုးသားဖြစ်ပြီး လိုက်ပါစီးနင်းလာသူ တွေကတော့ အမျိုးသား ၁၀ ဦး အမျိုးသမီး ၃ ဦးပါ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ ထိုင်းကိုဝင်လာရဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀၀၀ မှ ၁၃၅၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။  သူတို့အားလုံးကို နိုင်ငံထဲတရားမဝင် ဝင်ရောက်မှုနဲ့ရော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူသွားမယ်လို့  တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉  ကူးစက်ကာလ နယ်စပ်လုံခြုံရေးတွေတိုးမြှင့်ချထားပေမယ့် တရားမဝင် ဝင်လာသူတွေ ရက်ခြားဆိုသလိုရှိနေပါတယ်။  အခုလို ဝင်လာတာဟာ မြန်မာနိုင်ငံထဲက လူတွေအနေနဲ့ သတင်းအချက်အလက်အမှန်ကို မသိရတာကတကြောင်း၊ ပွဲစားတွေကလည်း သူတို့ အလုပ်ဖြစ်ဖို့အတွက် အန္တရာယ်ကို ထိန်ချန်ပြီး လာချင်အောင်စည်းရုံးခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် ပွဲစားအပြောကို မယုံဘဲ တခြားသတင်း အချက်အလက်တွေပါ စုံစမ်းမေးမြန်းသင့်တယ်လို့ ဦးမိုးကြိုးက ပြောသွားပါတယ်။  Source:  thairath.co.th 
9 months Ago
More News
Up