မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ထိုင်းရောက်မြန်မာတွေရင်ထဲ အမြဲအမှတ်ရနေမယ့်
Home
ထိုင်းရောက်မြန်မာတွေရင်ထဲ အမြဲအမှတ်ရနေမယ့်
A
d
v
e
r
t
i
s
e
m
e
n
t
With Us
June 12, 2020
2K
ထိုင်းရောက်မြန်မာတွေရင်ထဲ အမြဲအမှတ်ရနေမယ့် နိုင်ငံရေးသမားကြီး အာကျန်ကရိုင်ဆတ်
မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှာသွားရောက် ခိုလှုံခဲ့ရတဲ့ မြန်မာအဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ ထိုင်းနိုင်ငံက နိုင်ငံရေးသမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ အာကျန်
ကရိုင်ဆတ် ချွန်းဟာဝန်ဟာ
ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၇၂ နှစ် အရွယ် အာကျန် ( ဆရာ ) ကရိုင်ဆတ်ဟာ ကင်ဆာရောဂါဝေဒနာကို ၄ နှစ်ကြာခံစားခဲ့ရပြီး ဇွန်လ ၁၁ ရက် ည ၇ နာရီ ၁၀ မိနစ်အချိန်မှာတော့ ဘန်ကောက်မြို့က ဆီရီရတ်ဆေးရုံကြီးမှာ ညင်သာစွာမှေးစက်ပြီး လောကကြီးကို နှုတ်ဆက်သွားခဲ့တယ်လို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ထိုင်းစစ်ဗိုလ်ချုပ်ရဲ့ မြေး ၊ ထိုင်းဝန်ကြီးချုပ်ရဲ့သားဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ်ဖြစ်ခဲ့ဖူးပေမဲ့ မာန်မာနလုံးဝမရှိဘဲ ဘဝကိုရိုးသားစွာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ထိုင်းနိုင်ငံရောက် မြန်မာ့ ဒီရေစီအရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးတွေမှာ ပါဝင်ကူညီအားပေးခဲ့သူလည်း ဖြစ်ပါတယ်။
ကရိုင်ဆတ်နဲ့ပတ်သက်ပြီး အမှတ်တရတွေများစွာရှိခဲ့ပြီး သူကွယ်လွန်သွားတာဟာ အစားထိုးမရတဲ့ဆရာကောင်း၊ မိတ်ဆွေကောင်း ဆုံးရှုံးလိုက်ရသလိုပဲလို့ ဘန်ကောက်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးစိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်စသိတာကတော့ လွန်ခဲ့တဲ့အနှစ် ၃၀ ကျနော်တို့ ကျောင်းသားအဖွဲ့အစည်းတွေ ထိုင်းကို စရောက်သွားတဲ့အချိန်ပေါ့နော်။ ကျနော်တို့ မြန်မာပြည်က အဖွဲ့အစည်းတွေကို အများကြီး ကူညီခဲ့တယ်။ ဆရာဟာ ထိုင်းနိုင်ငံရေးနဲ့ပတ်သက်တာရော၊ တပ်ပိုင်းဆိုင်ရာနဲ့ အစိုးရပိုင်း ဆိုင်ရာမှာကော၊ သူ့ရဲ့ခင်မင်တဲ့မိတ်ဆွေအပေါင်းအသင်းတွေရှိနေတဲ့အခါကျတော့ ကျနော်တို့တွေ ဒီ ထိုင်းနိုင်ငံမှာ ဒုက္ခရောက်တဲ့အခါ ဥပမာ ရဲဖမ်းတာလား၊ ရုံးတွေဝင်စီးခံရတာစတဲ့ကိစ္စမျိုးတွေမှာ သူ့ရဲ့အဆက်အသွယ်တွေသုံးပြီးတော့မှ ကျနော်တို့ကို တတ်နိုင်တဲ့အကူအညီတွေပေးခဲ့တယ်”လို့ ဦးစိုးအောင်က ပြောပါတယ်။
ကရိုင်ဆတ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်အပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေမှာ လည်း အမြဲတမ်းလာရောက် အားပေး ဆွေးနွေးဟောပြောတတ်သူဖြစ်လို့ ထိုင်းရောက်မြန်မာတွေအကြားမှာ အမှတ်တရ ရှိနေတာလည်း ဖြစ်ပါတယ်။
“ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၈ နှစ်မြောက်အခမ်းအနားကို ဘန်ကောက်မှာ ကျင်းပတုန်းက သူလာပြီးဟောပြောသလို ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုသီချင်းကိုလည်း ကိုယ်တိုင်ဂစ်တာတီးပြီး သီချင်းဆို ဖျော်ဖြေခဲ့တာဟာလည်း အမြဲတမ်းအမှတ်တရ ရှိနေမှာပါ။ သူကွယ်လွန်သွားတာ ကျနော်တို့ ထိုင်းရောက်မြန်မာအဖွဲ့အစည်းတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပဲ”လို့ ဦးစိုးအောင်က ပြောပါတယ်။
ကရိုင်ဆတ်ဟာ ရွေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ထူထောင်ရာမှာ အဓိကကျသူဖြစ်သလို ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။
သူကွယ်လွန်သွားတာဟာ အဖွဲ့အစည်းအတွက်ရော ဒေသတွင်းနဲ့ ထိုင်းနိုင်ငံထဲက အဖိနှိပ်ခံ ပြည်သူတွေအတွက် မဟာဆုံးရှုံးမှုကြီးဖြစ်တယ်လို့ FEDရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့နဲ့ အနှစ် ၂၀ လောက် အတူတွဲလုပ်ခဲ့တဲ့ကာလမှာ ဆရာ ကရိုင်ဆတ်ဟာ အ ဖိနှိပ်ခံလူထုတွေရဲ့ဘ၀ကို အမြဲတမ်းလေ့လာတယ်။ ဒေသထဲထိ ကိုယ်တိုင်ကိုယ်ကျသွား လေ့ လာတယ်။ ဆင်းရဲသားပြည်သူတွေနဲ့ ညီအစ်ကိုမောင်နှမလို ပြောဆိုဆက်ဆံတယ်။ ကျနော်တို့ FED အဖွဲ့စထောင်တုန်းက မြန်မာတွေကိစ္စ မြန်မာတွေက ဦးဆောင်မယ့်အဖွဲ့အစည်းဆိုတာ ထိုင်းနိုင်ငံမှာ လုပ်ရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အခက်အခဲအများကြီးရှိခဲ့တယ်။ ဆရာကရိုင်ဆတ် လာပြီးကူမှ အများကြီးအဆင်ပြေသွားတယ်။ တရားဝင်မှတ်ပုံတင်အဖွဲ့ ဖြစ်လာတယ်။ ဆရာကရိုင်ဆတ်ရဲ့ နာမည်ကြောင့် နိုင်ငံခြားအလှူရှင်တွေလည်း ကူညီကြတယ်။ ”
ကရိုင်ဆတ်ဟာ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူအရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တစိုက်မတ်မတ်အားပေးကူညီဆောင်ရွက်ခဲ့တာတွေကြောင့် သူ့ရဲ့ ကျေးဇူးကို တိုင်းရင်းသားအရေး လှုပ်ရှားသူတွေကလည်း အမှတ်တရ ရှိနေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ရှမ်းရွှေ့ပြောင်းဒုက္ခသည်အရေး လှုပ်ရှားနေသူ နန်းချန်တောင်းက“ ဆရာကွယ်လွန်သွားလို့ ရှမ်းပြည်သူတွေ နယ်စပ်ဒုက္ခသည်တွေကိုယ်စား လွန်စွာဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ ပြောချင်ပါတယ်။ စစ်အစိုးရရဲ့တိုက်ခိုက်မှုကြောင့် နယ်စပ်ဘက် ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေဆီ ဆရာအရောက်လာခဲ့တယ်။ အားပေးခဲ့တယ်။ တိုင်းရင်းသား အရေး မြန်မာပြည်ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတွေအတွက် အားပေးကူညီ လှုပ်ရှား ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောချင်ပါတယ်။ ဆရာပြုခဲ့တဲ့ ကောင်းမှုတွေဟာ ကျမတို့တိုင်းရင်းသားတွေ ဒုက္ခသည်တွေအတွက် အရုဏ်ဦး အလင်းရောင်လို အမြဲထွန်းလင်းတောက်ပနေမှာ ဖြစ်ပါတယ်။ ”လို့ ပြောပါတယ်။
ကရိုင်ဆတ် ချွန်းဟာဝန်ဟာ ထိုင်းနိုင်ငံရဲ့ ၁၇ ဦးမြောက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချတ်ချိုင်း ချွန်ဟာဝန်နဲ့ ခွန်ယိင် ဘွန်းရိုင်း ချွန်ဟာဝန်တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး အမေရိကန်နိုင်ငံ ဂျော့ရှ်ဝါရှင်တန်တက္ကသိုလ်မှ လစ်ဘရယ်အနုပညာဘာသာရပ် ဝိဇ္ဇာဘွဲ့ ၊ လန်ဒန်
School of Oriental and African Studies - SOAS မှ နိုင်ငံရးသိပွံဘွဲ့
ကို ရရှိခဲ့ပါတယ်။
ကရိုင်ဆတ်ဟာ နိုင်ငံရေးလောကမှာ ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ ဒုဥက္ကဋ္ဌ၊ နခွန်းရာ့ချ်ဆီမားခရိုင် ဆီးနိတ်တာ အထက်လွှတ်တော်အမတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီးများအတိုင်ပင်ခံ အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ၊ လူ့အခွင့်အရေးလှုပ်ရှားသူနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ အားပေးခဲ့သူ၊ အမှန်တရားအတွက် ပြောရဲဆိုရဲရှိသူအဖြစ် ဒေသတွင်းမှာ ထင်ရှားသူလည်း ဖြစ်ပါတယ်။
သူဟာ ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း၊ စန္ဒယားတီးခြင်း စတဲ့ အနုပညာမှာ ဝါသနာပါပြီးသူဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာနဲ့ သရုပ်ဆောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးသည် နဲ့ အမွှာသမီး ၂ ဦး ကျန်ရစ်ပါတယ်။
PHOTO- FED/ Kraisak Facebook
9 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up