ထိုင်းရေတပ်

A d v e r t i s e m e n t With Us

December 29, 2019

တောဝက်ဘောလုံးအသင်းအား ကယ်ဆယ်ရေးအတွင်း ကူးစက်ခဲ့သည့်ရောဂါဖြင့် ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မနှစ်က ရေလွှမ်းနေတဲ့ လိုဏ်ဂူထဲကနေ တောဝက်လူငယ်ဘောလုံးအသင်းကို ကယ်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ ထိုင်းရေတပ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တယောက်ဟာ စစ်ဆင်ရေးအတွင်း ကူးစက်ခဲ့တဲ့ရောဂါကြောင့် သေဆုံးသွားပြီလို့ တော်ဝင် ထိုင်းရေတပ်က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ ရေတပ်က တပ်ကြပ်ကြီး ဘေရတ် ဘူရီးရတ်ခ်ဟာ ဆေးကုသမှု ခံယူခဲ့ပေမယ့် အခြေအနေ ပိုဆိုးရွားလာခဲ့တယ်လို့ ရေတပ်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲက ရေတပ် ရေငုပ်သမားဟောင်း တပ်ကြပ်ကြီး ဆာမန်ကူမန်လည်း ကယ်ဆယ်နေချိန်မှာပဲ သေဆုံးခဲ့ဖူးပါတယ်။ တောဝက် ဘောလုံးအသင်းက နည်းပြ အိခပို ချန်သာဝေါင်နဲ့ ယောက်ျားလေး ၁၂ ယောက်ဟာ အသင်းသားတယောက်ရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့ ချင်းရိုင်ခရိုင်ထဲက ထမ်းလွမ် လိုဏ်ဂူထဲကို ဇွန်လ ၂၃ ရက်က ဝင်သွားခဲ့တာပါ။ အဲဒီနောက် မိုးဦးရာသီ တောင်ကျရေတွေ ဂူထဲ စီးဝင်အပြီး မြေအောက်လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့ပါတယ်။ သူတို့ဟာ ကျောက်စက်ရေတွေ သောက်ပြီး ၉ ရက်ကြာ အသက်ရှင်နေခဲ့ပြီးမှ သူတို့ကို ကယ်ဆယ်ရေးသမားတွေက ရှာတွေ့ခဲ့တာပါ။ နိုင်ငံခြားက လုပ်အားပေး ကယ်ဆယ်ရေး ပညာရှင်တွေပါ လာရောက် ပူးပေါင်းခဲ့အပြီး ဇူလိုင် ၁၀ ရက်နေ့မှာ သူတို့အားလုံးကို ကယ်ထုတ် ပြီးစီးခဲ့ပါတယ်။
1 year Ago
Up