မကွေး ကွန်ပျူတာတက္ကသိုလ်မှာ အသွားအလာကန့်သတ် Facility Quanitine လုပ်ခံထားရတဲ့ ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူအမျိုးသမီးတစ်ဦး မတ်လ ၂၉ ရက် နေ့လယ်ပိုင်းက ဝမ်းလျှောပြီး ကိုယ်ပူချိန် မြင့်တက်နေတဲ့အတွက် မကွေးတိုင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ တိုင်းဒေကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "ကွန်ပျူတာတက္ကသိုလ်မှာ Facility Quanitine ပြုလုပ်နေတဲ့ အမျိုးသမီးတဦး ကိုယ်ပူချိန်မြင့်တက်လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းက မကွေးပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။ အဆိုပါ အမျိုးသမီးကို မကွေးတိုင်း ပြည်သူ့ဆေးရုံ ၅ ထပ်ဆောင်မှာ သီးခြာထားရှိပြီး လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေပြုလုပ်ကာ ဓာတ်ခွဲ နမူနာ ပေးပို့သွားမှာပါ။ Hospital Quanitine အနေနဲ့ စောင့်ကြည့်လူနာ အဖြစ် မကွေးဆေးရုံမှာ (၁၄) ရက် စောင့်ကြည့်မှာဖြစ်တယ်”လို့ ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှာ ပြည်ပက ပြန်ဝင်လာသူ ၂၄၀၀ ကျော်ကို အသွားအလာကန့်သတ် စောင့်ကြပ် Facility Quanitine ပြုလုပ်ပေးနေရာမှာ ပထမဆုံး အနေနဲ့ ကိုယ်ပူချိန်မြင့်တက်တဲ့ အမျိုးသမီး လူနာတစ်ဦးတွေရှိတာဖြစ်ပါတယ်။
သတင်း-မင်းထီး
11 months Ago