ထိုင်းမြောက်ပိုင်း

September 3, 2020

ထိုင်းမြောက်ပိုင်းတွင် တောလမ်းမှ ခြေကျင်လျှောက်ဝင်လာသည့် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်ထဲမှာ ရင်ခွင်ပိုက်ကလေးတွေကို ချီပြီး တောလမ်းကနေ ခြေကျင်လျှောက်ဝင်လာတဲ့ မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပါတယ်။  လုံခြုံရေးတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ဖန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စုတွင်း နယ်လှည့်လုံခြုံရေးဆောင်ရွက်နေစဉ် နယ်စပ်တောလမ်း တလျှောက်ကနေ ခြေကျင်လျှောက်ပြီး  ဝင်ရောက်လာသူတွေ တွေ့ရှိတယ်လို့  အမှတ် ၄ ဒေသ ကိုမန်ဒိုတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။  စစ်ဆေးချက်အရ တရားမဝင်တဲ့ပစ္စည်း တစုံတရာမပါရှိကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံ ဘက်ကနေ တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ သူတို့အားလုံးကို လဝက ဥပဒေနဲ့ အရေးယူဖို့ ဖမ်းထားတယ်လို့ ဆိုပါတယ်။  တရားမဝင် ဝင်ရောက်မှုနဲ့ အရေးမယူခင် ကိုဗစ် ၁၉ ကပ်ရောဂါ ရှိမရှိ စစ်ဆေးဖို့ အားလုံးကို ဖန်မြို့နယ်ဆေးရုံကြီးမှာ ဆေးစစ်ခဲ့တယ်လို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ခုတပတ်တွင်း မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေတာကြောင့် ထိုင်းနယ်စပ်ဝင်ပေါက်တွေမှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဒါပေမဲ့ နောက်ထပ်ဝင်ရောက် လာသူတွေ နေ့စဉ်လို ဖမ်းဆီးရမိနေဆဲဖြစ်ပါတယ်။  ကိုးကား - chiangmainews.co.th
1 year Ago
Up