ထိုင်းမီးသတ်သမား

August 23, 2019

မီးမငြှိမ်းရဘဲ မြွေဖမ်းနေရသည့် ထိုင်းမီးသတ်သမားများ (ရုပ်သံ)

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က မီးသတ်သမားတွေဟာ အခုနှစ် မိုးရာသီကာလမှာ မီးငြှိမ်းရတာထက် မြွေဖမ်းပေးရတဲ့အလုပ်က ပိုများနေပါတယ်။ မီးသတ်သမား ပင်န်ယို ဖက်ပင်န်ညိုဟာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်က အိမ်တအိမ်မှာ စပါးအုံးမြွေတကောင်ကို ဖမ်းနေပါတယ်။ သူဟာ လက်မှာ ဘာအကာအကွယ်မှ မဝတ်ဆင်ထားဘဲနဲ့ စပါးအုံးမြွေရဲ့ ခေါင်းကို လျင်လျင်မြန်မြန်ပဲ ဆုပ်ကိုင်ပြီး အားနဲ့ ဆွဲထုတ်နေပါတယ်။ အဲဒီမြွေဟာ အရှည် ၁၆ ပေ နီးပါးရှိပြီး အလေးချိန် ကီလိုဂရမ် ၂၀ လောက် လေးပါတယ်။ “စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့ လိုတယ်။ မြွေက အရမ်းသန်တယ်။ တချက်မှားတာနဲ့ မြွေပေါက်ခံရနိုင်တယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အရမ်းထက်တဲ့ အစွယ်တွေရှိတယ်” လို့ မီးသတ်သမား ပင်န်ယို ဖက်ပင်န်ညိုက ပြောပါတယ်။ မြို့တော်ဘန်ကောက်ရဲ့ မြေအောက်တူးမြောင်းတွေမှာ နေထိုင်ကြတဲ့ မြွေတွေဟာ အိမ်တော်တော်များများထဲကို ဝင်လာလေ့ရှိပါတယ်။ အထူးသဖြင့် မိုးရာသီမှာတော့ မြွေတွေဟာ အစာရှာရင်း ခြံဝန်းတွေနဲ့ အိမ်သာတွေထဲကို ဝင်လာလေ့ရှိပါတယ်။ “သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို တော်တော်လေး သဘောကျတယ်။ အဲဒီလောက်ကြီးတဲ့ မြွေတကောင်ကို လက်ချည်းသက်သက်ဖမ်းပြီး အိတ်ကလေးထဲ ထည့်လိုက်တယ်လေ” လို့ အိမ်ပိုင်ရှင်က ပြောပါတယ်။ ၂၀၁၈ ခုနှစ်က မြို့တော်ဘန်ကောက် ဝန်းကျင်မှာ အိမ်ထဲ မြွေရောက်နေလို့ အကူအညီတောင်းတဲ့ ဖုန်းအရေအတွက် ၃ သောင်း ၇ ထောင်ကျော်ကို လက်ခံရရှိခဲ့တယ်လို့ သဘာဝဘေးကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ ဘန်ကောက် မီးသတ်သမားတွေအတွက် မီးငြှိမ်းရတဲ့အလုပ်ထက် မြွေဖမ်းပေးရတဲ့ အလုပ်က ပိုများနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မကြာသေးခင်လတွေက တရက်ကို မီးလောင်တာ တခုနှစ်ခုလောက် ရှိပေမယ့် မြွေတွေ ကျူးကျော်ဝင်ရောက်လာတဲ့ ဖြစ်ရပ်ကတော့ တရက်ကို အကြိမ်ရေ ၁၀၀ ကျော်ရှိတယ်လို့ ဘန်ကောက် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန အချက်အလက်တွေက ဖော်ပြပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ ပင်န်ယိုဖက်ပင်န်ညိုဟာ အန္တရာယ်များတဲ့ မြွေဖမ်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ ၁၆ နှစ်အတွင်း မြွေအကောင်ရေ ၁ သောင်းကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ တနှစ်ကို မြွေအကောင်ရေ ၈၀၀ ကျော်လောက် ဖမ်းခဲ့ပြီးတော့ ၇၀ ရာခိုင်နှုန်းလောက်က အဆိပ်မရှိတဲ့ စပါးအုံးတွေပါ၊ ကျန်တာကတော့ မြွေဟောက်နဲ့ တခြားအဆိပ်ပြင်းမြွေတွေလို့ သူက ပြောပါတယ်။ “လူတွေနဲ့ တိရစ္ဆာန်တွေကြားထဲက ဆက်ဆံရေးကို ပိုပြီးနားလည်စေချင်တယ်။ ကျနော်တို့ အတူတကွ နေလို့ရပါတယ်။ သူတို့ကို ဟန့်တားဖို့လည်း မလိုသလို သတ်ပစ်ဖို့လည်း မလိုပါဘူး။ သူနဲ့တူတူ နေထိုင်ဖို့ ကျနော်တို့ဘက်က လေ့လာသင်ယူလိုက်ရုံပါပဲ။ ဒါက ကျနော့်ရဲ့ ရည်မှန်းချက်ပါ” လို့ မီးသတ်သမား ပင်န်ယို ဖက်ပင်န်ညိုက ပြောပါတယ်။ ဖက်ပင်န်ညိုဟာ အားလပ်ချိန်တွေမှာ ဖမ်းလာတဲ့ မြွေတွေကို ပြုစုစောင့်ရှောက်ပေးတဲ့အလုပ် လုပ်ပါသေးတယ်။ ဒါ့အပြင် မြွေတွေကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုဖမ်းရမလဲဆိုတဲ့ သင်တန်းလည်း ပေးနေပါတယ်။ မီးသတ်သမားတယောက်အနေနဲ‌့ အနိဌာရုံတွေကို မကြာခဏ မြင်တွေ့ခံစားနေရပေမယ့် မြွေဖမ်းကျွမ်းကျင်တဲ့ စွမ်းရည်ကြောင့် စိတ်ဖြေသိမ့်ရာရတယ်လို့ သူက ပြောပါတယ်။
Zawgyi Version မီးမၿငႇိမ္းရဘဲ ေႁမြဖမ္းေနရသည့္ ထိုင္းမီးသတ္သမားမ်ား (႐ုပ္သံ) DVB ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ဘန္ေကာက္က မီးသတ္သမားေတြဟာ အခုႏွစ္ မိုးရာသီကာလမွာ မီးၿငႇိမ္းရတာထက္ ေႁမြဖမ္းေပးရတဲ့အလုပ္က ပိုမ်ားေနပါတယ္။ မီးသတ္သမား ပင္န္ယို ဖက္ပင္န္ညိဳဟာ ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ ဘန္ေကာက္က အိမ္တအိမ္မွာ စပါးအုံးေႁမြတေကာင္ကို ဖမ္းေနပါတယ္။ သူဟာ လက္မွာ ဘာအကာအကြယ္မွ မဝတ္ဆင္ထားဘဲနဲ႔ စပါးအုံးေႁမြရဲ႕ ေခါင္းကို လ်င္လ်င္ျမန္ျမန္ပဲ ဆုပ္ကိုင္ၿပီး အားနဲ႔ ဆြဲထုတ္ေနပါတယ္။ အဲဒီေႁမြဟာ အရွည္ ၁၆ ေပ နီးပါးရွိၿပီး အေလးခ်ိန္ ကီလိုဂရမ္ ၂၀ ေလာက္ ေလးပါတယ္။ “စိတ္ကို တည္တည္ၿငိမ္ၿငိမ္ထားဖို႔ လိုတယ္။ ေႁမြက အရမ္းသန္တယ္။ တခ်က္မွားတာနဲ႔ ေႁမြေပါက္ခံရႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔မွာ အရမ္းထက္တဲ့ အစြယ္ေတြရွိတယ္” လို႔ မီးသတ္သမား ပင္န္ယို ဖက္ပင္န္ညိဳက ေျပာပါတယ္။ ၿမိဳ႕ေတာ္ဘန္ေကာက္ရဲ႕ ေျမေအာက္တူးေျမာင္းေတြမွာ ေနထိုင္ၾကတဲ့ ေႁမြေတြဟာ အိမ္ေတာ္ေတာ္မ်ားမ်ားထဲကို ဝင္လာေလ့ရွိပါတယ္။ အထူးသျဖင့္ မိုးရာသီမွာေတာ့ ေႁမြေတြဟာ အစာရွာရင္း ၿခံဝန္းေတြနဲ႔ အိမ္သာေတြထဲကို ဝင္လာေလ့ရွိပါတယ္။ “သူ႔ရဲ႕ လုပ္ရည္ကိုင္ရည္ကို ေတာ္ေတာ္ေလး သေဘာက်တယ္။ အဲဒီေလာက္ႀကီးတဲ့ ေႁမြတေကာင္ကို လက္ခ်ည္းသက္သက္ဖမ္းၿပီး အိတ္ကေလးထဲ ထည့္လိုက္တယ္ေလ” လို႔ အိမ္ပိုင္ရွင္က ေျပာပါတယ္။ ၂၀၁၈ ခုႏွစ္က ၿမိဳ႕ေတာ္ဘန္ေကာက္ ဝန္းက်င္မွာ အိမ္ထဲ ေႁမြေရာက္ေနလို႔ အကူအညီေတာင္းတဲ့ ဖုန္းအေရအတြက္ ၃ ေသာင္း ၇ ေထာင္ေက်ာ္ကို လက္ခံရရွိခဲ့တယ္လို႔ သဘာဝေဘးကာကြယ္ေရး အရာရွိေတြက ေျပာပါတယ္။ ဘန္ေကာက္ မီးသတ္သမားေတြအတြက္ မီးၿငႇိမ္းရတဲ့အလုပ္ထက္ ေႁမြဖမ္းေပးရတဲ့ အလုပ္က ပိုမ်ားေနတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ မၾကာေသးခင္လေတြက တရက္ကို မီးေလာင္တာ တခုႏွစ္ခုေလာက္ ရွိေပမယ့္ ေႁမြေတြ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ျဖစ္ရပ္ကေတာ့ တရက္ကို အႀကိမ္ေရ ၁၀၀ ေက်ာ္ရွိတယ္လို႔ ဘန္ေကာက္ မီးသတ္နဲ႔ ကယ္ဆယ္ေရးဌာန အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။ အသက္ ၅၀ အရြယ္ရွိတဲ့ ပင္န္ယိုဖက္ပင္န္ညိဳဟာ အႏၲရာယ္မ်ားတဲ့ ေႁမြဖမ္းတဲ့အလုပ္ကို လုပ္ကိုင္ခဲ့တဲ့ ၁၆ ႏွစ္အတြင္း ေႁမြအေကာင္ေရ ၁ ေသာင္းေက်ာ္ကို ဖမ္းဆီးခဲ့ပါတယ္။ တႏွစ္ကို ေႁမြအေကာင္ေရ ၈၀၀ ေက်ာ္ေလာက္ ဖမ္းခဲ့ၿပီးေတာ့ ၇၀ ရာခိုင္ႏႈန္းေလာက္က အဆိပ္မရွိတဲ့ စပါးအုံးေတြပါ၊ က်န္တာကေတာ့ ေႁမြေဟာက္နဲ႔ တျခားအဆိပ္ျပင္းေႁမြေတြလို႔ သူက ေျပာပါတယ္။ “လူေတြနဲ႔ တိရစာၦန္ေတြၾကားထဲက ဆက္ဆံေရးကို ပိုၿပီးနားလည္ေစခ်င္တယ္။ က်ေနာ္တို႔ အတူတကြ ေနလို႔ရပါတယ္။ သူတို႔ကို ဟန္႔တားဖို႔လည္း မလိုသလို သတ္ပစ္ဖို႔လည္း မလိုပါဘူး။ သူနဲ႔တူတူ ေနထိုင္ဖို႔ က်ေနာ္တို႔ဘက္က ေလ့လာသင္ယူလိုက္႐ုံပါပဲ။ ဒါက က်ေနာ့္ရဲ႕ ရည္မွန္းခ်က္ပါ” လို႔ မီးသတ္သမား ပင္န္ယို ဖက္ပင္န္ညိဳက ေျပာပါတယ္။ ဖက္ပင္န္ညိဳဟာ အားလပ္ခ်ိန္ေတြမွာ ဖမ္းလာတဲ့ ေႁမြေတြကို ျပဳစုေစာင့္ေရွာက္ေပးတဲ့အလုပ္ လုပ္ပါေသးတယ္။ ဒါ့အျပင္ ေႁမြေတြကို အႏၲရာယ္ကင္းကင္းနဲ႔ ဘယ္လိုဖမ္းရမလဲဆိုတဲ့ သင္တန္းလည္း ေပးေနပါတယ္။ မီးသတ္သမားတေယာက္အေနနဲ‌႔ အနိဌာ႐ုံေတြကို မၾကာခဏ ျမင္ေတြ႔ခံစားေနရေပမယ့္ ေႁမြဖမ္းကြၽမ္းက်င္တဲ့ စြမ္းရည္ေၾကာင့္ စိတ္ေျဖသိမ့္ရာရတယ္လို႔ သူက ေျပာပါတယ္။
2 years Ago
Up