ထိုင်းမင်းသား

A d v e r t i s e m e n t With Us

May 19, 2020

စည်းဝါးကျကျမြန်မာအက ကပြသည့် ထိုင်းမင်းသားလေး အွန်လိုင်းပေါ် နာမည်ကြီးနေ (ရုပ်သံ)

စည်းချက်ဝါးချက်ကျကျ တီးမှုတ်မှုနဲ့အတူ မြန်မာအကကို ပိုင်ပိုင်နိုင်နိုင်ကပြနေတဲ့ ထိုင်းမင်းသားလေးတယောက်ရဲ့ အကရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီအကရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Kalan Nge Htoo Thant အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတယောက်က “ထိုင်းနိုင်ငံမှ မြန်မာမဟုတ်သော မြန်မာ့အလှ #ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားပါ”လို့ ရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုထဲမှာတော့ အဆိုပါ မင်းသားလေးဟာ အဖြူရောင်အင်္ကျီ၊ နီညိုရောင် တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းအပါအဝင် မင်းသားဝတ်စုံပြည့်နဲ့ ကပြဖျော်ဖြေနေခဲ့တာပါ။ မြူးကြွတဲ့ တီးခတ်မှုနဲ့ သူကပြဖျော်ဖြေနေတာကို ဘေးက ထိုင်းရိုးရာဝတ်စုံတွေနဲ့ လက်ခုပ်တီး အားပေးနေကြတာတွေကိုလည်း တွေ့ရပြီး ဒါဟာ ထိုင်းနိုင်ငံတနေရာရာမှာ ရိုက်ကူးထားပုံရပါတယ်။ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ၊ မှတ်ချက်ပေးသူ၊ ပြန်လည်မျှဝေသူတွေ ထောင်သောင်းချီ ရှိနေပြီး အွန်လိုင်းပေါ်မှာ ရေ ပန်းစားနေတာ ဖြစ်ပါတယ်။
10 months Ago

April 24, 2020

COVID-19 ကူးစက်ခံနေရသည့် ထိုင်းမင်းသား မက်ထယူးဒင်တို့ ဇနီးမောင်နှံ နေပြန်ကောင်း 

COVID-19 ကူးစက်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံက နာမည်ကြီး ရုပ်ရှင်မင်းသား မက်ထယူးဒင်နဲ့ ဇနီးဖြစ်သူ သရုပ်ဆောင်/ တေးသံရှင် လေဒီယာဆာရန်ရတ်တို့ဇနီးမောင်နှံဟာ ဆေးရုံမှာ တလလောက် ကုသမှုခံယူခဲ့ရပြီးနောက် သက်သာပျောက်ကင်းလို့ အိမ်ပြန်ခွင့်ရပြီဖြစ်ပါတယ်။  မက်ထယူးဒင်ဟာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ဘန်ကောက်လုမ္ပဏီ  လက်ဝှေ့ရုံထဲမှာ အစီအစဉ်ကြေငြာသူအဖြစ် သွားရောက်ဆောင်ရွက်ပေးရင်း  ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး သူကနေတဆင့် ဇနီးသည် လေဒီယာကိုပါ ထပ်ဆင့် ကူးစက်ခဲ့တာပါ။  မက်ထယူးဒင်ဟာ COVID-19 ကူးစက်ခံရကြောင်း မတ်လ ၁၃ ရက်နေ့မှာ အဖြေထွက်ပြီး ဇနီးဖြစ်သူက မတ်လ ၁၆ ရက်နေ့မှာ အဖြေထွက်တာကြောင့် နှစ်ယောက်လုံး ဆေးရုံကြီးမှာ တက်ရောက်ကုသခံယူခဲ့ရပါတယ် ။  သူတို့မှာ ၅ နှစ်အရွယ် သားလေး ၁ ယောက်နဲ့ ၈ လရွယ် သမီးလေး ၁ ယောက်ရှိပြီး ကံအားလျော်စွာ ကလေး ၂ ယောက်လုံးကတော့ ကူးစက်ခြင်းမခံခဲ့ရပါဘူး။  သူတို့ဟာ ဆေးရုံမှာ လူခွဲပြီး တက်ရောက်ကုသစဉ်  စမ်းသပ်စစ်ဆေးရာမှာ COVID19 ရောဂါပိုးကင်းစင်ကြောင်း တကြိမ်ပြခဲ့ပြီး စိတ်ချရတဲ့အခြေအနေထိ စောင့်ကြည့်စဉ်မှာပဲ ရောဂါ ပိုးထပ်မံတွေ့ရှိရလို့ ဆေးရုံမှာ ဆက်လက်နေထိုင်ခဲ့ရတာပါ ။  ဆေးရုံမှာ ရက်ပေါင်း ၃၀ ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် ဒီလ ၁၈ ရက်နေ့မှာတော့ သက်သာပျောက်ကင်းပြီဖြစ်ကြောင်း ဆရာဝန်က ပြောတဲ့အတွက် ဆေးရုံဆင်းခွင့်ရခဲ့ပါတယ် ။  ဆေးရုံက ဆင်းတဲ့နေ့မှာ နှစ်ယောက်စလုံးက တာဝန်ကျဆရာဝန်ဆရာမတွေကို ကျေးဇူးဆိုတဲ့စကားနဲ့တင်မလုံလောက်တဲ့ ကျေးဇူးတင်ခြင်းများစွာဆိုတဲ့ အဓိပ္ပါယ်ရ သီချင်းနဲ့ သီဆိုနှုတ်ဆက်ခဲ့ပါတယ်။  ခုရက်ပိုင်းမှာလည်း ဆရာဝန်ဆရာမတွေအားလုံးကို ကျေးဇူးတင်  ဂုဏ်ပြုတဲ့အနေနဲ့ ဗွီဒီယိုဖိုင်တစ်ခု ထုတ်လုပ်ဖြန့်ဝေခဲ့ပါတယ်။  အဆိုပါ ဗွီဒီယိုဖိုင်မှာ ဇနီးမောင်နှံ နှစ်ယောက်လုံး ဆေးရုံစတက်ရချိန်ကစ ဆေးရုံဆင်းပြီး မိသားစုတွေ ပျော်ရွှင်စွာပြန်တွေ့ရတဲ့ အချိန်ထိ ဗွီဒီယိုတွေဓာတ်ပုံတွေကို သူတို့ ၂ ယောက်သီဆိုထားတဲ့ သီချင်းနောက်ခံနဲ့ ပေါင်းစည်းဖော်ပြထားပါတယ်။  ကိုးကား -  posttoday.com
10 months Ago
Up