ထိုင်းဘက်ခိုးဝင်

July 3, 2021

ပွဲစားခဘတ် ၂ သောင်းခွဲစီပေးကာ ထိုင်းဘက်ခိုးဝင်သည့် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

       ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအမျိုးသမီး ၃ ယောက်ကို ဒီကနေ့ မနက်အစောပိုင်းမှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

       စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ မောင်ခ ရိုင်၊ ဟွေ့နန်းခေါင်နယ်စပ်ကျေးရွာနားမှာ လူ ၄ ယောက်လိုက်ပါစီးနင်းလာတဲ့ မော်တော် ဆိုင်ကယ်တစီးကို စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။

       ကင်းလှည့်တပ်ဖွဲ့က မသင်္ကာလို့ စစ်ဆေးဖို့ အချက်ပြချိန်မှာတော့ ဆိုင်ကယ်ကို ရပ်မပေးပဲ မောင်းနှင်ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးချိန်မှာတော့ တယောက်က ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး အမျိုးသမီး ၃ ယောက်နဲ့ ဆိုင်ကယ်ကိုတော့ လက်ရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

       သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ အဆိုပါ အမျိုးသမီး ၃ ယောက်ဟာ ဧရာဝ တီတိုင်းကနေ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ထဲမှာ အလုပ်လုပ်ဖို့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြတာဖြစ်ကာ တယောက်ကို ဘတ် ၂ သောင်းခွဲစီ ပွဲစားခ ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

       ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် သူတို့ကို ခန္ဓာကိုယ်အပူချိန် တိုင်းတာ၊ အဖျားသွေးရှိမရှိ စစ်ဆေးချိန်မှာတော့ ဘာရောဂါလက္ခဏာမှ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

       လတ်တလောမှာတော့ အဆိုပါ အမျိုးသမီး ၃ ယောက်ကို မောင်ခရိုင် ရဲစခန်းကို ပို့ ဆောင်ကာ ဥပဒေအရ လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

7 months Ago
Up