ထိုင်းပင်လယ်စာ

December 25, 2020

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ကြောင့် ထိုင်းပင်လယ်စာတင်သွင်းမှု လာအိုယာယီပိတ်ပင်

စမွတ်စာခွန်းပင်လယ်စာဈေးမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ ရှိနေတာကြောင့် ထိုင်းနိုင်ငံက ပင်လယ်စာတွေ တင်ပို့မှုကို လာအိုက ယာယီပိတ်ပင်လိုက်ပါတယ်။ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ဖို့အတွက် လာအိုနိုင်ငံ စက်မှုလက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ခုလိုဆုံးဖြတ်လိုက်တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။  လတ်တလောမှာတော့ ဒီယာယီဆုံးဖြတ်ချက်အရ ထိုင်း-လာအို ၂ နိုင်ငံကြား ကူး သန်းရောင်းဝယ်မှု ပြုလုပ်နေတဲ့ ထုတ်ကုန်တွေကို ဘေးအန္တရာယ်ကင်းရှင်းပြီး ရောဂါပိုး ကင်းစင်မှသာ ဆက်လက်ပြီး လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ လာအိုနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် နိုင်ငံတွင်း ဆက်လက်ကူးစက်ပျံ့နှံ့လာနိုင်ချေရှိတာကို ကာကွယ်နိုင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကတည်းက အသိပညာပေးမြှင့်တင်မှုတွေ လုပ်ဆောင်တာတွေ၊ ကွာရန်တင်းစင်တာတွေ အသင့်ပြင်ဆင်ထားတာမျိုးတွေလည်း လုပ်ဆောင်ထားခဲ့တာပါ။ လက်ရှိအချိန်ထိ လာအိုနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၄၁ ယောက်သာရှိနေပြီး သေဆုံးသူ လုံး၀ မရှိသေးပါဘူး။ ထိုင်းနိုင်ငံကတော့ လတ်တလောမှာ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၅,၈၂၉ ယောက်အထိ တိုးလာနေခဲ့ပြီး သေဆုံးသူ အယောက် ၆၀ ရှိနေတာ ဖြစ်ပါတယ်။
10 months Ago
Up