ထိုင်းနိုင်ငံရောက် မြန်မာများ

February 23, 2021

ထိုင်းနိုင်ငံရောက် မြန်မာများ ၂ ငါးလုံးအထွေထွေသပိတ်တွင်ပါဝင် (ရုပ်သံ)

ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေး ပြည်လုံးကျွတ်အထွေထွေသပိတ်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လည်း ပါဝင်ခဲ့ကြပါတယ်။

ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြန်မာနိုင်ငံမှာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်း တာတွေကြောင့်သေဆုံးခဲ့ရသူတွေအတွက်လည်း ငြိမ်သက်ဆုတောင်းပေးခဲ့ကြပါတယ်။

ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ဆန္ဒပြသူတွေဟာ “အရေးတော်ပုံ အောင်ရမည်” ၊ “ဒီမို ကရေစီရရှိရေး-တို့အရေး တို့အရေး” ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)လှုံ့ဆော် “ရုံးမတက်နဲ့-ရုန်းထွက် ရုန်းထွက်” ၊ “သပိတ် သပိတ်-မှောက် မှောက်” ၊ “စစ်အာဏာရှင် ကျဆုံးရေး တို့အရေး-တို့အရေး” ၊ “အမေစုနဲ့ ခေါင်းဆောင် များ-ချက်ချင်းလွှတ် ချက်ချင်းလွှတ်”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြ တာ ဖြစ်ပါတယ်။

10 months Ago
Up