ထိုင်းနယ်စပ်ကျေးရွာ

May 21, 2021

မြန်မာစစ်တပ်က ထိုင်းနယ်စပ်ကျေးရွာတရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်

       မြန်မာစစ်တပ်က ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲက ကျေးရွာတရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတိုးမြှင့်ထားရတယ်လို့ နေးရှင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

       ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေအရ မြန်မာစစ်တပ် ခမရ ၃၄၁ ခြေမြန်တပ်ရင်းက မေ ၂၀ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ၆၀ မီလီမီတာ လက်နက်ကြီး ၃ လုံးနဲ့ သတာဖန်ကျေးရွာကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

       ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက် ပျက်စီးမှုတွေကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

       ထိုင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ကြပြီး မြန်မာစစ်တပ်အနေနဲ့ အဆိုပါ ကျေးရွာထဲမှာ ကရင်အမျိုးအသားအစည်းအရုံး (ကေအန်ယူ)တပ်ဖွဲ့ဝင် တွေ ခိုအောင်းနေတယ်လို့ သံယသရှိနေတာမို့ ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

       ကေအန်ယူဘက်က သတင်းရင်းမြစ်တခုကတော့ အဆိုပါဒေသထဲမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်တွေအနေနဲ့ လက်နက်ခဲယမ်းတွေ မလုံလောက်တော့ လေကြောင်းကတဆင့် လက်နက်ကြီး တင်ပို့မှုကို စောင့်ဆိုင်းနေရတယ်လို့ ပြောပါတယ်။

6 months Ago
Up